
ပဲမြစ်သည် နွယ်ပင်တစ်မျိုးဖြစ်ပြီး ပဲစောင်းလျားသီးအပင်မှ အမြစ်ဖြစ်သည်။ ပဲမြစ်ကို နေရာဒေသအနှံအပြားတွင်စိုက်ပျိုးကြသည်။ ပဲမြစ်သည် ဆောင်းရာသီတွင်ပေါ်လေ့ရှိပြီး မိတ္ထီလာဈေး ကွက်သို့ ကျောက်ဆည်နယ်ဘက်မှဝင်ရောက်လျှက်ရှိပါသည်။ ပဲမြစ်ကို ရာသီစာအဖြစ်ပြုတ်၍ ဆီ/ဆားတို့ နှင့်တို့စားခြင်း ၊ ထောင်း၍ မြေပဲထောင်း ၊ နှမ်းထောင်းတို့နှင့် စားသုံးကြပါသည်။ မိတ္ထီလာဈေးကွက်အတွင် ဈေးနှုူန်းအနေဖြင့် ဖေဖော်ဝါရီလပထမပတ်တွင် ပဲမြစ်လက်ကား ဈေးတစ်ပိဿာလျှင်(၂၅၀၀-၃၀၀၀) ကျပ်နှင့် လက်လီတစ်ပိဿာလျှင် (၃၀၀၀-၄၀၀၀)ကျပ်နှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျှက်ရှိကြောင်းပဲမြစ်အရောင်းဆိုင်များမှသိရပါသည်။
DOCA(မန္တလေး)
