
ကျိုက်မရောမြို့နယ်၊ ဥယျာဉ်ခြံမြေများ၌ မိသားစု အပိုဝင်ငွေရရှိစေရန် တစ်နိုင် တစ်ပိုင်စိုက်ပျိုးသည့် ဒေသထွက်ငရုတ်သီးတောင့်များ ဆွတ်ခူးချိန် လှိုင်လှိုင်ထွက်ပြီး ဈေးကောင်းလည်းရရှိသဖြင့် ကလိုင်းကနိုင်ကျေးရွာမှ ငရုတ်သီး တစ်နိုင်တစ်ပိုင် စိုက်ပျိုးသူများ မိသားစုဝင်ငွေတိုးကာ စီးပွားရေးအဆင်ပြေလျက်ရှိကြောင်း သိရသည်။
ကလိုင်းကနိုင်ကျေးရွာရှိ ခြံစိုက်တောင်သူများက ငရုတ်သီးပင်များကို အများအားဖြင့် မြေအစိုဓာတ်ဖြင့်သာ ကြီးထွားပြီး အပင်သုံးလသား၌ အပင်သန်ဆေးအား ပိုးသတ်ဆေး တို့ကို ဖျန်းပေးရသည်။ ငရုတ်ခင်းအတွင်း ပေါင်းမြက်ရှိပါက ပေါင်းလိုက်ပေးရသည်။ ကလိုင်းကနိုင်ကျေးရွာရှိ စိုက်ပျိုးသည့် ငရုတ်သီးမျိုးမှာ မိုးမျှော်သီး ဒေသခေါ် ကုလားအော် သီးမျိုးများကိုသာ အဓိကထားစိုက်ပျိုးကြပြီး ငရုတ်သီးက စပ်သည့်အတွက် ဒေသခံ ပြည်သူများ အလွန်ကြိုက်နှစ်သက်သောကြောင့် ဈေးကွက်ဝင်ကြောင်း မိုးငရုတ်သီးကို နှစ်လလျှင် တစ်ကြိမ်ခူးဆွတ်ရောင်းချနိုင်ပြီးဖြစ်ကြောင်း ယခုလို ခူးဆွတ်ချိန်တွင် တစ်ပိသာလျှင် တစ်သောင်းကျော်ခန့် ဖောက်သည်ပေးရပြီး တစ်ခါ ခူးဆွတ်လျှင် ၆ ပိသာ ခန့်ရသဖြင့် တစ်ပတ်ကို ဝင်ငွေ ၆သောင်းရရှိကြောင်း ငရုတ်သီးများ စနစ်တကျစိုက်ပျိုးသူ ဦးမြင့်ဠေး၏ ပြောပြချက်အရ သိရသည်။
DOCA (မွန်)
