
မိတ္ထီလာခရိုင်၊ မလှိုင်မြို့နယ် အနေဖြင့် ခရိုင်အတွင်း ပဲစင်းငုံအများဆုံးစိုက်ပျိုးထွက်ရှိသော ဒေသဖြစ်ပြီး ယခုနှစ် စိုက်ဧကမှာ (၇၁၃၀၅)ဧကဖြစ်ကြောင်း သက်ဆိုင်ရာဌာနမှ သိရှိရပါသည်။ ယခုအခါ ပဲစင်းငုံများ လှိုင်လှိုင်ထွက်ပေါ်နေပြီဖြစ်ရာ ယခုတစ်ပတ်တွင် ပဲစင်းငုံတစ်တင်း လျှင်(၁၀၀၀၀၀)ကျပ်ဖြင့် ပွဲရုံများမှဝယ်လျှက်ရှိကြောင်း ယခင်ဈေးထက်အနည်းငယ်မြင့်တက်လာ ကြောင်း တစ်နေ့လျှင်တစ်တင်းခွဲအိတ်(၁၀၀၀ မှ ၁၅၀၀)ကြား အရောင်းအဝယ်ဖြစ်လျှက်ရှိပြီး ပဲစင်းငုံကို ရန်ကုန်သို့တင်ပို့ရောင်းချရာ ယခုတစ်ပတ်အတွင်း မြို့ပေါ်ပွဲရုံများတင်ပို့ရောင်းချ ခြင်းမရှိဘဲ တက်ဈေးမျှော်နေကြောင်းသိရသည်။
ထောပတ်ပဲဈေးကွက်အနေဖြင့် ယခင်တစ်ပတ်က တစ်တင်းလျှင် (၇၂၀၀၀)ကျပ်ဖြင့် အရောင်း အဝယ်ဖြစ်လျှက်ရှိရာ ယခုတစ်ပတ်မှာတော့ (၆၅၀၀၀)ကျပ်ဖြစ်ပြီး အထွက်ပါးသွားပြီး ရာသီကုန်ချိန်ဖြစ်သလို အဝင်လမ်းနည်းပါးကြောင်း တစ်ရက်လျှင် အိတ်(၅၀)ခန့်သာ အရောင်းအဝယ်ဖြစ်ကြောင်းသိရသည်။
DOCA(မန္တလေး)
