Main menu

အောင်မြင်ဖြစ်ထွန်းနေသောဆောင်းမြေပဲစိုက်ပျိုးထားရှိမှုနှင့်တစ်ဧကကုန်ကျစရိတ်

Powered by Drupal

    တောင်သာမြို့နယ်သည် ဆည်မြောင်းကန်ချောင်းများ အသင့်အတင့်ရှိ၍ ဆောင်းသီးနှံများကိုလည်း စိုက်ပျိုးထားရှိသည်။ ဆောင်းမြေပဲသီးနှံကို အောက်တိုဘာလ၊ နိုဝင်ဘာလနှင့် ဒီဇင်ဘာလတို့၌ စိုက်ပျိုးကြပြီး ဖေဖော်ဝါရီလ၊ မတ်လနှင့် ဧပြီလတို့တွင်ရိတ်သိမ်းထွက်ပေါ်ကြောင်း သိရှိရသည်။

    တောင်သာမြို့နယ်သည် ပြည်တွင်းစားသုံးဆီဖူလုံစေရေးအတွက် ၂၀၂၅-၂၀၂၆ ခုနှစ်၌ ဆောင်းမြေပဲသီးနှံကို စိုက်ပျိုးဧက(၉၂၈၉) ဧကစိုက်ပျိုးထားကြောင်း မြို့နယ်ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာန၏ စာရင်းများအရသိရှိရသည်။ ဆောင်းမြေပဲစိုက်ပျိုးထားရှိသော ကျေးရွာများမှာ ကျောဇီရွာ၊ ဆီမီးကန်ရွာ၊ ရုံးတောရွာ၊ မင်းစုရွာနှင့် ရသစ်ကျေးရွာတို့တွင် စိုက်ပျိုးထားကြောင်း၊  စိုက်ပျိုးချိန်မှ ရိတ်သိမ်းချိန်အထိ (၄) လခန့်ကြာမြင့်ကြောင်း၊ ပင်ထောင်မျိုးနှင့် ပင်ပြန့်မျိုးများကို စိုက်ပျိုးထားရှိကြောင်း၊ မျိုး၊ သွင်းအားစု၊ လုပ်သားခအပါအဝင် (၇၅၀၀၀၀/-) ကျပ်ခန့် ကုန်ကျကြောင်း၊ ယခင်နှစ်အထွက်နှုန်းအနေဖြင့် တစ်ဧကလျှင် (၅၅-၅၆)တင်းခန့် ထွက်ရှိကြောင်း၊ ယခင်နှစ်ထွက်ပေါ်ချိန်၌ မြေပဲဆံတစ်တင်းလျှင် (၁၀၉၀၀၀) ကျပ်ခန့်ရရှိခဲ့ကြောင်း၊ ယခုနှစ် တွင်ဆောင်းမြေပဲများ ရာသီဥတုကောင်းမွန်ပြီး ရေသွင်းရေထုတ်၊ အပင်ပြုစုမှုနှင့် မြေဩဇာ များပုံမှန်ကျွေးနိုင်ပါက မြေပဲများအထွက်နှုန်း ကောင်းနိုင်မည်ဖြစ်ကြောင်း၊ ထွက်ပေါ်ချိန်တွင် ဈေးနှုန်းများကောင်းပါက တောင်သူများအနေဖြင့် အကျိုး အမြတ်များ ပိုမိုရရှိနိုင်မည်ဖြစ်ကြောင်း မင်းစုရွာမှ မြေပဲစိုက်တောင်သူတစ်ဦး၏ ပြောကြားချက်အရသိရသည်။

DOCA(မန္တလေး)