Main menu

ဈေးနှုန်းကျဆင်းလာသောမြင်းခြံပဲစဉ်းငုံနီ

Powered by Drupal

    မြင်းခြံခရိုင်အတွင်းရှိ မြင်းခြံမြို့နယ်သည်  လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများ လုပ်ကိုင်လျက်ရှိကြောင်း၊ ပဲစဉ်းငုံစိုက်ပျိုးသော ကျေးရွာများမှာ ပျော်ဘွယ်စံပြကျေးရွာ၊ ဖက်ပင်အိုင်ရွာ၊ တူရွင်းဘို့ရွာ၊ ကတောရွာနှင့် ဖက်ပင်အိုင်ရွာများ၌ တောင်သူများသည်စီးပွားဖြစ် စိုက်ပျိုးထား ကြောင်း သိရှိရသည်။ စိုက်ပျိုးရာတွင်ရာသီဥတုဒဏ်ခံနိုင်ပြီး အထွက်နှုန်းကောင်းသော ရွှေဒင်္ဂါးမျိုးနှင့် ရေဆင်း-၄ မျိုးများကိုသာ စိုက်ပျိုးကြောင်းသိရသည်။ယခု ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ၌ ပဲစဉ်းငုံနီ တစ်တင်းလျှင် (၉၈၀၀၀) ကျပ် ခန့်ပေါက်ဈေးများဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ယခင်တစ်ပတ်၌  ပဲစဉ်းငုံနီတစ်တင်းလျှင် (၁၀၂၀၀၀)ကျပ်ခန့် ပေါက်ဈေးများဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း၊ယခင်တစ်ပတ်နှင့် နှိုင်းယှဉ်ပါက ယခုတစ်ပတ်တွင် ပဲစဉ်းငုံနီတစ်တင်းလျှင် (၄၀၀၀)ကျပ်ခန့် ဈေးနှုန်းများကျဆင်း လာကြောင်း၊  ဒေသတွင်း ပွဲရုံများ၌ ပဲစဉ်းငုံနီများ အဝင်များလာသောကြောင့် ဈေးနှုန်းကျဆင်းလာခြင်းဖြစ်ကြောင်း၊ ထိုပွဲရုံများမှတဆင့်  ပဲစဉ်းငုံနီများကို မန္တလေးမြို့နှင့် ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့သို့ တင်ပို့ရောင်းချကြောင်း မြို့နယ်အတွင်းရှိ ပွဲရုံလုပ်ငန်းရှင်များထံမှ သိရှိရသည်။ 

DOCA(မန္တလေး)