
မြင်းခြံမြို့ရှိ စည်ပင်သာယာနယ်နိမိတ်အတွင်း၌ အေးမြသီတာဈေးတွင် ၂၀၂၆ ခုနှစ် ၊ ဖေဖော်ဝါရီလ၌ ရောင်းချနေသော စားဖိုဆောင်သီးနှံအုပ်စုဝင် ကုန်စိမ်းသီးနှံဈေးနှုန်းများမှာ ခရမ်းချဉ်သီးတစ်ပိဿာလျှင် (၄၀၀၀-၅၅၀၀) ကျပ်၊ အာလူးသီးတစ်ပိဿာလျှင် (၅၀၀၀-၇၀၀၀)ကျပ်၊ ပဲတောင့်ရှည်တစ်ပိဿာလျှင် (၅၅၀၀) ကျပ်၊ ခရမ်းသီးတစ်ပိဿာလျှင် (၂၅၀၀) ကျပ်၊ ခဝဲသီးတစ်ပိဿာလျှင် (၅၀၀၀)ကျပ်၊ ရုံးပတီသီးတစ်ပိဿာလျှင် (၃၅၀၀-၄၀၀၀) ကျပ်၊ ငရုတ်သီးစိမ်းတစ်ပိဿာလျှင် (၃၀၀၀) ကျပ်၊ ရွှေဖရုံသီးတစ်ပိဿာလျှင် (၂၂၀၀) ကျပ်၊ မျှစ်တစ်ပိဿာလျှင် (၄၀၀၀) ကျပ်၊ ဂျင်းတက်တစ်ပိဿာလျှင် (၄၀၀၀-၅၀၀၀) ကျပ်၊ နနွင်းတက်တစ်ပိဿာလျှင် (၁၄၀၀၀-၁၆၀၀၀)ကျပ်၊မုန်လာဥနီတစ်ပိဿာလျှင် (၄၀၀၀) ကျပ်၊ ဂေါ်ရခါးညွန့်လက်ဆုပ်တစ်စီးလျှင် (၉၀၀) ကျပ်၊ ၊ဂေါ်ဖီထုပ်တစ်ထုပ်လျှင်(၁၀၀၀-၁၅၀၀)ကျပ်၊ ပန်းမုံလာပွင့် (အလတ်) တစ်ပွင့်လျှင် (၁၀၀၀-၁၅၀၀) ကျပ်၊ ချဉ်ပေါင်ရွက်တစ်ထုံးလျှင်(၅၀၀)ကျပ်၊ ကန်စွန်းရွက်တစ်စည်းလျှင်(၂၀၀)ကျပ်ခန့် ပေါက်ဈေးများဖြင့် အရောင်းအဝယ်ဖြစ်လျှက်ရှိကြောင်း၊ ယခင်လနှင့် နှိုင်းယှဉ်ပါ ယခုလတွင် ခရမ်းချဉ်သီး၊ ငရုတ်သီးစိမ်း၊ ချဉ်ပေါင်ရွက်နှင့် ကန်စွန်းရွက် ဈေးနှုန်းမှာ အနည်းငယ်မြင့်တက်ခဲ့၍ ဂျင်း၊ ဂေါ်ဖီထုပ်၊ ပန်းမုံလာပွင့်နှင့် မုန်လာဥနီဈေးနှုန်းများမှာ ဈေးကျဆင်းလာကြောင်း၊ ကုန်စိမ်းသီးနှံများကို ရှမ်းပြည်နယ်တောင်ပိုင်း အောင်ပန်းမြို့နှင့် မန္တလေးမြို့ကုန်စိမ်းပွဲရုံများမှ မှာယူရောင်းချကြောင်း ကုန်စိမ်းရောင်းချသူ၏ ပြောပြချက်အရသိရှိရ သည်။
DOCA(မန္တလေး)
