Main menu

ပခုက္ကူမြို့တွင် ပြည်ပပို့ကုန် မတ်ပဲသီးနှံဈေးနှုန်းမြင့်တက်

Powered by Drupal

         မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်အတွင်းရှိ ပခုက္ကူ၊ မြိုင်၊ ပေါက်၊ ရေစကြို၊ ဆိပ်ဖြူ မြို့နယ်များတွင် စပါး၊ ဆီထွက်သီးနှံမျိုးစုံ၊ ကုန်စိမ်းသီးနှံမျိုးစုံနှင့် သစ်သီးဝလံများကို နှစ်စဉ် စိုက်ပျိုးလျက်ရှိသည်။ သီးနှံမျိုးစုံအနက် မတ်ပဲသီးနှံကို စိုက်ပျိုးရာတွင် စိုက်ဧက(၄၀၀၀)ကျော် စိုက်ပျိုးလျက်ရှိပြီး တစ်ဧက အထွက်နှုန်းအနေဖြင့် ရာသီဥတုအပေါ်မူတည်ပြီး (၁၈)တင်း ခန့်ထွက် ရှိကြောင်း၊ တစ်ဧက ကုန်ကျစရိတ်အနေဖြင့် ကျပ်(၁၅)သိန်းခန့် ကုန်ကျကြောင်း စိုက်တောင်သူများ ထံမှ သိရသည်။ ရေစကြို မြို့နယ်တွင် အဓိကစိုက်ပျိုးပြီး ပခုက္ကူ ဈေးကွက်သို့ ဝင်ရောက် အရောင်း အဝယ် ဖြစ်သည့်အပြင် အခြားမြို့နယ်များမှလည်း ဝင်ရောက်ကြောင်း သိရှိရသည်။

          မတ်ပဲဈေးနှုန်းမှာ ၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ(စတုတ္ထပတ်)တွင် တစ်တင်းလျှင်ကျပ် (၉၂၀၀၀)၊ ဖေဖေါ်ဝါရီလ (ပထမပတ်)တွင် တစ်တင်းလျှင်ကျပ် (၉၅၀၀၀)ဖြင့် အရောင်းအဝယ်ဖြစ်ကြောင်း၊ ယခုဖေဖေါ်ဝါရီလ(စတုတ္ထပတ်)တွင် ကျပ်(၉၅၀၀၀)ဈေးဖြင့်အရောင်းအဝယ်ဖြစ်နေပြီး ယခုလတွင် ဈေးငြိမ်နေပြီး ယခင် ဇန်နဝါရီလ(စတုတ္ထပတ်)နှင့်နှိုင်းယှဉ်ပါက တစ်တင်းလျှင်ကျပ် (၃၀၀၀)ခန့် ဈေးတက်နေပြီး နေ့စဉ် အရောင်းအဝယ်ဖြစ်မှုအနေဖြင့် တစ်နေ့လျှင် အိတ်ရေ (၅၀ မှ ၅၀၀)ထိ အရောင်းအဝယ်ဖြစ်၍ ဈေးနှုန်းမြင့်တက်လာကြောင်း သိရှိရသည်။ တောင်သူများအနေဖြင့် တစ် ဧကလျှင် အကျိုးအမြတ်မှာ ကျပ်(၁)သိန်းကျော်ရရှိကြောင်း၊ မတ်ပဲသီးနှံသည် ပြည်တွင်းစား သုံးမှု နည်းသော်လည်း ပြည်ပနိုင်ငံများမှ ဝယ်လိုအားကောင်းသော သီးနှံတစ်မျိုးဖြစ်၍ ဈေးကွက် ခိုင်မာမှုရှိကြောင်း ပဲဈေးကွက် မှ သိရှိရသည်။

DOCA(မကွေး)