Main menu

ပခုက္ကူ ပဲယင်းနီ ဈေးနှုန်းအခြေအနေ

Powered by Drupal

       မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ်တွင်ပဲမျိုးစုံ စိုက်ပျိုးထုတ်လုပ်လျက်ရှိ ပါသည်။ ပဲမျိုးစုံထဲတွင် ပဲယင်း သီးနှံကို မြစ်ခြေ နှင့် ရေစကြိုမြို့နယ်များတွင် အဓိက စိုက်ပျိုး လျက်ရှိပါသည်။ ပခုက္ကူကုန်စည်ဒိုင်တွင်  မြစ်ခြေဒေသမှ စိုက်ပျိုးသော ပဲယင်းနီများ အရောင်း အဝယ်ဖြစ်လျက်ရှိပါသည်။  ပခုက္ကူခရိုင် တွင် ပဲယင်းနီ စိုက်ပျိုး ဧက (၁၀၀၀)ကျော် ရှိပြီးပခုက္ကူ ၊ ရေစကြိုနှင့် ဆိပ်ဖြူမြို့တို့တွင် အများဆုံး စိုက်ပျိုးကြပြီးတစ်ဧကလျှင် တစ်တင်းကျ စိုက်ပျိုးကြ ကြောင်း၊ တစ်ဧကအထွက်နှုန်းမှာ(၁၄) တင်းမှ (၁၅)တင်းထိထွက်ရှိကြောင်း စိုက်တောင်သူများထံမှ သိရသည်။  ပဲယင်းနီကို အောက်တိုဘာလကုန် နိုဝင်ဘာလတွင် စတင်စိုက်ပျိုးကြပြီး  ဖေဖော်ဝါရီလ တွင် ရိတ်သိမ်းကြပါသည်။ 

          ၂၀၂၆ခုနှစ်၊ ဖေဖေါ်ဝါရီလ(ပထမပတ်)မှစ၍ ပဲယင်းနီတစ်တင်းလျှင်ကျပ် (၆၉၀၀၀)ဖြင့် ဈေးကွက် အတွင်းသို့ ဝင်ရောက်အရောင်းအဝယ်ဖြစ်နေကြောင်း၊ (ဒုတိယပတ်)တွင် တစ်တင်း လျှင်ကျပ် (၆၉၅၀၀)ဖြစ်ပြီး ဖေဖေါ်ဝါရီ(တတိယပတ်)တွင် တစ်တင်းလျှင်ကျပ် (၇၀၅၀၀)ဖြစ်၍ (ပထမပတ်)နှင့် နှိုင်းယှဉ်ပါက တစ်တင်းလျှင်ကျပ်  (၁၅၀၀)ခန့်ဈေးတက်နေကြောင်း၊    အရောင်း အဝယ်ဖြစ်မှု အိတ်ရေမှာ တစ်နေ့လျှင် (၅၀ မှ ၁၀၀)ထိဖြစ်ကြောင်း ကုန်စည်ဒိုင်မှ သိရှိရပါသည်။

DOCA(မကွေး)