Main menu

ဥရောပသမဂ္ဂ (EU) ၏ အထည်ချုပ်တင်ပို့မှုကဏ္ဍတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံက ၅ နှစ် ဆက်တိုက် ဦးဆောင်လျက်ရှိ

Powered by Drupal

          ဥရောပသမဂ္ဂ (EU) ၏ စာရင်းအင်းဌာနဖြစ်သော Eurostat မှ နောက်ဆုံးရရှိသော အချက်အလက်များအရ ၂၀၂၁ ခုနှစ်မှ ၂၀၂၅ ခုနှစ်အတွင်း EU ၏ အထည်ချုပ် (RMG) တင် သွင်းမှုဈေးကွက်သည် ၂၄.၅၆ ရာခိုင်နှုန်းအထိ တိုးတက်းခဲ့​ကြောင်း သိရသည်။ ဘင်္ဂလားဒေ့ရှ် နိုင်ငံ၏ ဥရောပစျေးကွက်သို့ အထည်ချုပ်တင်ပို့မှုတန်ဖိုးမှာ ၂၀၂၁ ခုနှစ်တွင် ယူရို ၁၄.၃၀ ဘီလီယံ ရှိခဲ့ရာမှ ၂၀၂၅ ခုနှစ်တွင် ယူရို ၁၉.၄၁ ဘီလီယံအထိ တိုးတက်လာခဲ့သည်။ ၎င်းသည် ငါးနှစ်အတွင်း ၃၅.၈၁ ရာခိုင်နှုန်း တိုးတက်လာခြင်းကို ကိုယ်စားပြုသည်။ အလားတူကာလအတွင်း တရုတ်နိုင်ငံ၏ ပို့ကုန်မှာ ၂၁.၄၈ ရာခိုင်နှုန်း (ယူရို ၂၁.၈၈ ဘီလီယံမှ ၂၆.၅၈ ဘီလီယံ သို့) တိုးတက်ခဲ့ပြီး၊ အိန္ဒိယနိုင်ငံသည် ၃၃.၁၈ ရာခိုင်နှုန်း တိုးတက်ခဲ့ကာ၊ တူရကီနိုင်ငံ၏ ပို့ကုန် မှာမူ ၉.၄၈ ရာခိုင်နှုန်း ကျဆင်းသွားခဲ့သည်။ ၂၀၂၄ ခုနှစ်မှ ၂၀၂၅ ခုနှစ်အတွင်း EU ၏ အထည်ချုပ်တင်သွင်းမှုမှာ ၂.၁၀ ရာခိုင်နှုန်းသာ တိုးတက်ခဲ့သည်။ ဤသို့ အနည်းငယ်သာ တိုးတက်ရခြင်းမှာ ကမ္ဘာလုံးဆိုင်ရာ ငွေကြေးဖောင်းပွမှု၊ စားသုံးသူများ၏ ယုံကြည်မှုကျဆင်းခြင်းနှင့် ဥရောပ၏ စီးပွားရေးနှေးကွေးခြင်းတို့ကြောင့်ဖြစ်သည်။ ထိုသို့သော အခက်အခဲများကြားတွင်ပင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် ၅.၉၇ ရာခိုင်နှုန်း တိုးတက်ခဲ့ပြီး၊ တရုတ်နိုင်ငံမှာ ၁.၁၇ ရာခိုင်နှုန်း သာ တိုးတက်ခဲ့ကာ တူရကီနိုင်ငံ၏ ပို့ကုန်မှာမူ ၁၀.၇၃ ရာခိုင်နှုန်းအထိ ကျဆင်းသွားခဲ့ကြောင်း သိရသည်။ ဤအချက်က ဈေးကွက်နှေးကွေးနေသော်လည်း ဘင်္ဂလားဒေ့ရှ်၏ ယှဉ်ပြိုင်နိုင်စွမ်း ပိုမိုအားကောင်းလာကြောင်း ပြသနေခြင်းဖြစ်သည်။ အရှေ့တောင်အာရှနိုင်ငံများအနက် ကမ္ဘောဒီးယားနိုင်ငံမှာ ၅ နှစ်အတွင်း ၈၈ ရာခိုင်နှုန်းကျော်ဖြင့် ထူးခြားစွာ တိုးတက်ခဲ့သည်။ ဗီယက်နမ် နှင့် ပါကစ္စတန်နိုင်ငံများသည်လည်း တိုးတက်လာခဲ့သည်။ သို့သော်လည်း ဈေးကွက်ဝေစု အကြီးအကျယ် ရယူနိုင်မှုအရ ဘင်္ဂလားဒေ့ရှ်သည် ဒုတိယအကြီးဆုံး တင်ပို့သူအဖြစ် တည်ရှိနေဆဲဖြစ်ကြောင်း သိရှိရပါသည်။

Source : Dhakatribune                                                               

DOCA(ရန်ကုန်)