Main menu

အောင်လံကုန်စည်ဒိုင်၏ သီးနှံရောင်းဝယ်ဖြစ်မှုအခြေအနေ

Powered by Drupal

           အောင်လံကုန်စည်ဒိုင်တွင် ဖြစ်ပေါ်နေသောနှမ်းဈေးကွက်အနေဖြင့် နှမ်းနက် (စမုံ) (၄၅) ပိဿာ (၁ ) အိတ်လျှင် ယခင်အပတ်  (၂၃.၁၁.၂၀၂၂) ရက်နေ့တွင် ကျပ် (၂၅၀၀၀၀) ဖြစ်ပြီး ယခုအပတ်  (၂၉.၁၁.၂၀၂၂) ရက်နေ့တွင် ကျပ် (၂၄၀၀၀၀) ဖြစ်၍ ကျပ် (၁၀၀၀၀) လျော့ကျခဲ့ကြောင်း၊ နှမ်းပြာ (၁) အိတ်လျှင်  ယခင်အပတ်တွင် ကျပ် (၂၁၀၀၀၀) ဖြစ်ပြီး ယခုအပတ်တွင် ကျပ် (၂၀၀၀၀၀) ဖြစ်၍ ကျပ် (၁၀၀၀၀) လျော့ကျခဲ့ကြောင်း၊ နှမ်းဖြူ (၁) အိတ်လျှင် ယခင်အပတ်တွင် ကျပ် (၂၄၀၀၀၀) ဖြစ်ပြီး ယခုအပတ်တွင် ကျပ် (၂၂၀၀၀၀) ဖြစ်၍ ကျပ် (၂၀၀၀၀) လျော့ကျခဲ့ကြောင်း၊ နှမ်းနီ (၁) အိတ်လျှင်  ယခင်အပတ်တွင် ကျပ် (၂၂၀၀၀၀) ဖြစ်ပြီး၊ ယခုအပတ်တွင် ကျပ် (၂၀၀၀၀၀) ဖြစ်၍ ကျပ် (၂၀၀၀၀) လျော့ကျခဲ့ကြောင်း စသည်ဖြင့် အသီးသီးဈေးနိမ့်ခဲ့ပြီး အရောင်းအဝယ်ပမာဏအနေဖြင့် ၄၅ ပိဿာဝင်အိတ်ဖြင့် နှမ်းနက် (စမုံ ) (၁၅၅၀) အိတ်၊ နှမ်းပြာ (၂၇၀) အိတ်၊ နှမ်းနီ (၁၀၀) အိတ်နှင့်၊ နှမ်းဖြူ (၈၀) အိတ်တို့ အရောင်းအဝယ်ရှိခဲ့ကြောင်း ကုန်သည်များထံမှ သိရှိရပါသည်။

          ပဲမျိုးစုံဈေးကွက်တွင် (၂၀) ပိဿာ (၁) တင်းလျှင် ပဲတီစိမ်းမှာ ယခင်အပတ်တွင် ကျပ် (၄၉၅၀၀) ဖြစ်ပြီးယခုအပတ်တွင် ကျပ် (၄၉၀၀၀) ဖြစ်၍ ကျပ် (၅၀၀) လျော့ကျခဲ့ကြောင်း၊ ဘိုကိတ်ပြာ(ဆောင်းသစ်) (၁) အိတ်လျှင် ယခင်အပတ်တွင် ကျပ် (၄၁၅၀၀) ဖြစ်ပြီး ယခုအပတ်တွင် ကျပ် (၄၁၀၀၀) ဖြစ်၍ ကျပ် (၅၀၀) လျော့ကျခဲ့ကြောင်း၊ မတ်ပဲ (၁ ) အိတ်လျှင် ယခင်အပတ်တွင် ကျပ် (၅၅၅၀၀) ဖြစ်ပြီး ယခုအပတ်တွင် ကျပ် (၅၃၀၀၀) ဖြစ်၍ ကျပ် (၂၅၀၀) လျော့ကျခဲ့ကြောင်း၊ ကုလားပဲ (HL) နှင့်ကုလားပဲ (မြကြေး) (၁) အိတ်လျှင် ယခင်အပတ်တွင် ကျပ် (၆၂၀၀၀) ဖြစ်ပြီး ယခုအပတ်တွင် ကျပ် (၆၀၀၀၀) ဖြစ်၍ ကျပ်(၂၀၀၀) လျော့ကျခဲ့ကြောင်း စသည်ဖြင့် အသီးသီးဈေးနိမ့်ခဲ့ပါသည်။ ပဲစဉ်းငုံ (နီ) (၁) အိတ်လျှင် ယခင်အပတ်တွင် ကျပ် (၅၀၀၀၀) ဖြစ်ပြီး ယခုအပတ်တွင် ကျပ် (၅၂၀၀၀) ဖြစ်၍ ကျပ် (၂၀၀၀) ဈေးမြင့်ကာ  ပဲကြီး (၁) အိတ်လျှင် ယခင်အပတ်တွင် ကျပ် (၇၅၀၀၀) ဖြစ်ပြီး ယခုအပတ်တွင်လည်း ကျပ် (၇၅၀၀၀) ဖြစ်၍ ဈေးနှုန်းပြောင်းလဲမှုူမရှိဘဲ  အရောင်းအဝယ်ပမာဏအနေဖြင့် (၃၀) ပိဿာဝင်အိတ်ဖြင့် ပဲတီစိမ်း (၃၂၀၀) အိတ်၊ ပဲကြီး (၇၀၀) အိတ်၊ ပဲစဉ်းငုံနီ (၈၀၀) အိတ်၊ မတ်ပဲ (၁၄၀) အိတ်၊ ကုလားပဲ (HL) (၁၁၀၀) အိတ်၊ ကုလားပဲ (မြကြေး) (၉၀၀) အိတ်နှင့် ဘိုကိတ်(ပြာ) (၂၂၀) အိတ် အရောင်းအဝယ်ရှိကြောင်း သိရှိရပါသည်။

          မြေပဲလုံးဆံ (နီ) မှာ (၁) ပိဿာလျှင် ယခင်အပတ်တွင် ကျပ် (၅၃၅၀)၊ ယခုအပတ်တွင်လည်း ကျပ် (၅၃၅၀)၊  မြေပဲလုံးဆံ (ဖြူ) (၁) ပိဿာလျှင် ယခင်အပတ်တွင် ကျပ် (၅၁၅၀) ဖြစ်ပြီး ယခုအပတ်တွင်လည်း ကျပ် (၅၁၅၀)၊ မြေပဲတောင့်အစို (၁) တင်းလျှင် ယခင်အပတ်တွင် ကျပ် (၂၁၅၀၀) ဖြစ်ပြီး ယခုအပတ်တွင်လည်း ကျပ် (၂၁၅၀၀) ဖြစ်၍ ဈေးနှုန်းပြောင်းလဲမှုမရှိဘဲ မြေပဲလုံးဆံ (ဖြူ) (၃၀) ပိဿာဝင်အိတ် (၁၁၅၀)၊ မြေပဲလုံးဆံ (နီ) (၉၅၀) အိတ်နှင့် မြေပဲတောင့်အစို  (၄၈၀၀) တင်းခန့် အရောင်းအဝယ်ရှိခဲ့ကြောင်း သိရှိခဲ့ရပါသည်။

          ဝါသီးနှံဈေးကွက်မှာ (၁) ပိဿာလျှင် ယခင်အပတ်တွင် ကျပ် (၂၈၀၀) ပြီး၊ ယခုအပတ်တွင် ကျပ် (၂၈၅၀) ဖြစ်၍ ကျပ် (၅၀) ဈေးမြင့်တက်လာပြီး ဝါပိဿာချိန် (၃၅၀၀၀) ပိဿာခန့် အရောင်းအဝယ်ရှိခဲ့ကြောင်း အောင်လံကုန်စည်ဒိုင်မှ သိရှိရပါသည်။

DOCA(မကွေး)