Main menu

စက်သုံးဆီဈေးနှုန်းများ အနည်းငယ်ကျဆင်း

Powered by Drupal

         ကယားပြည်နယ်တွင် စက်သုံးဆီအရောင်းဆိုင်များ (၂၉) ဆိုင်ရှိပြီး ဒေသအခြေအနေအရ စက်သုံးဆီအရောင်းဆိုင်(၁၄)ဆိုင်သာဖွင့်လှစ်လျက်ရှိပြီးစက်သုံးဆီများပြတ်လပ်မှုမရှိအောင် ပုံမှန်ဖွင့်လှစ်ရောင်းချနေလျက် ရှိပါသည်။

        စက်သုံးဆီဈေးနှုန်းများအနေဖြင့် ယခင်တစ်ပတ် (၂၄-၁၁-၂၀၂၂) ရက်နေ့အထိ ဓာတ်ဆီ(92) တစ်လီတာလျှင် (၂၁၆၀) ကျပ်၊ ဓာတ်ဆီ(95) တစ်လီတာလျှင် (၂၂၆၀)ကျပ်၊ ဒီဇယ်ရိုးရိုး တစ်လီတာလျှင် (၂၅၅၅)ကျပ်၊ ဒီဇယ် (ပရီမီယမ်) တစ်လီတာလျှင် (၂၆၃၀) ကျပ်ရှိခဲ့ပြီး ယခုတစ်ပတ် (၁-၁၂-၂၀၂၂) ရက်နေ့အထိ ဓာတ်ဆီ(92) တစ်လီတာလျှင် (၂၀၅၀) ကျပ်၊ ဓာတ်ဆီ (95)တစ်လီတာလျှင် (၂၁၂၅)ကျပ်၊ ဒီဇယ်ရိုးရိုး တစ်လီတာလျှင် (၂၄၆၅)ကျပ်၊ ဒီဇယ် (ပရီမီယမ်) တစ်လီတာလျှင် (၂၅၄၀) ကျပ်ရှိခဲ့ပြီး ယခင် တစ်ပတ်နှင့်ယခုတစ်ပတ် ဈေးနှုန်းများနှိုင်းယှဉ်ကြည့်လျှင် ဓာတ်ဆီ (92)တစ်လီတာလျှင် (၁၁၀)ကျပ်၊ ဓာတ်ဆီ (95) တစ်လီတာလျှင် (၁၃၅)ကျပ်၊ ဒီဇယ်ရိုးရိုး တစ်လီတာလျှင် (၉၀)ကျပ်၊ ဒီဇယ်(ပရီမီယမ်) တစ်လီတာလျှင် (၉၀)ကျပ်ဖြင့်ကျဆင်းလာကြောင်း သိရှိရပါသည်။

DOCA(ကယား)