
ဘရာဇီးလ်နိုင်ငံသည် အပင်ပိုးမွှားကင်းစင်ရေးဆိုင်ရာ အန္တရာယ်များကြောင့် Ivory Coast နိုင်ငံမှ ကိုကိုးတင်သွင်းမှုကို ယာယီရပ်ဆိုင်းလိုက်ကြောင်း ဖေဖော်ဝါရီလ ၂၄ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့ကြောင်းသိရပါသည်။ ကမ္ဘာ့အကြီးဆုံး ကိုကိုးထုတ်လုပ်သည့်နိုင်ငံဖြစ်သော Ivory Coasr နိုင်ငံအတွင်းသို့ "အိမ်နီးချင်းနိုင်ငံများမှ ကိုကိုးစေ့များ အလုံးအရင်းနှင့် စီးဝင်နေခြင်း" နှင့် ဆက်စပ်သည့် အန္တရာယ်များကို ဘရာဇီးလ် စိုက်ပျိုးရေးဝန်ကြီးဌာနက ဖော်ပြခဲ့ကြောင်းသိရပါသည်။ ဝန်ကြီးဌာန၏ အဆိုအရ ထိုသို့စီးဝင်လာမှုများသည် ဘရာဇီးလ်နိုင်ငံသို့ ကုန်စည်တင်ပို့ရန် ခွင့်ပြုချက်မရှိသည့် အခြားနိုင်ငံများမှ ကိုကိုးများကို တင်ပို့ခြင်းမပြုမီ Ivory Coast နိုင်ငံထုတ်ကုန်များနှင့် ရောနှောသွားစေနိုင်သည်ဟု သိရပါသည်။ အိုင်ဗရီကို့စ်နိုင်ငံဘက်မှ အဆိုပါ အခြေအနေအပေါ် တရားဝင် တုံ့ပြန်ဖြေရှင်းပြီး ၎င်းတို့၏ တင်ပို့မှုများတွင် အိမ်နီးချင်းနိုင်ငံများမှ ထုတ်လုပ်သော ကိုကိုးများပါဝင်နေသည့် အန္တရာယ်မရှိကြောင်း အာမခံချက်ပေးနိုင်သည့်အချိန်အထိ ဘရာဇီးနိုင်ငံ၏ ဆိုင်းငံ့မှုသည် ဆက်လက်တည်ရှိနေမည်ဖြစ်ကြောင်း ဘရားဇီးနိုင်ငံမှ ထပ်ပေါင်းဖော်ပြခဲ့ကြောင်းသိရ့ပါသည်။ ၂၀၂၅ ခုနှစ်တွင် ဘရာဇီးလ်နိုင်ငံမှ တင်သွင်းခဲ့သည့် ကိုကိုးနှင့် ၎င်း၏ ဘေးထွက်ပစ္စည်း စုစုပေါင်း မက်ထရစ်တန်ချိန် ၁၁၂,၈၅၀တန် ၏ ၃၇ ရာခိုင်နှုန်းခန့်မှာ Ivory Coast နိုင်ငံမှဖြစ်ကြောင်း သိရှိရပါသည်။
Source: brecorder
DOCA(ရန်ကုန်)
