
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ် “ဂျိုးဖြူ” ဆန်စက်တွင် စပါးကြိတ်ခွဲခြင်းမှ ထွက်လာသော စပါးခွံများကို အုတ်ဖိုများ၊ မွေးမြူရေးခြံများမှ ဝယ်ယူလျက်ရှိသော်လည်း ဆန်စက်တွင် အလေအလွင့်စပါးခွံများစွာရှိကြောင်း ဆန်စက်ပိုင်ရှင်ထံမှသိရပါသည်။ ထိုစပါးခွံများကိုစွန့်ပစ်ရာတွင်လည်း သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေနိုင်သည့်အတွက် သတိထားစွန့်ပစ်ရကြောင်း၊ ယခုအခါ မီးသွေးအစားထိုး စပါးခွံလောင်းစာတောင့်များ ထုတ်လုပ်လျက်ရှိပြီး ပုသိမ်မြို့နယ်အတွင်းရှိ ကုန်စုံဆိုင်အချို့နှင့် ရန်ကုန်တိုင်းဒေသကြီးသို့ တင်ပို့ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ၊ တတိယပတ်တွင် ရောင်းချလျက်ရှိသော စပါးခွံလောင်စာတောင့် ဈေးနှုန်းများမှာ (၂၀) ပိဿာ တစ်အိတ်လျှင် (၈၀၀၀) ကျပ်ဖြင့်ရောင်းချလျက်ရှိပြီး၊ စပါးခွံလောင်စာတောင့်အိတ် (၂၀) အထက်ယူပါက ငွေကျပ် (၂၀၀) ခန့်မျှလျော့၍ ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။
DOCA (ဧရာဝတီ)
