Main menu

ရေကြည်မြို့နယ်၌ လက်မှု့ပစ္စည်းထုတ်ကုန် သင်တန်းဖွင့်လှစ်ခြင်း

Powered by Drupal

           ဧရာဝတီတိုင်းဒေသကြီး၊ ရေကြည်မြို့နယ်၊ သစ်တောဦးစီးဌာနမှ ကြီးမှူး၍ အသက်မွေးဝမ်းကျောင်းဆိုင်ရာ (ကြိမ်၊ ဝါး၊ သင်) လက်မှု့ပစ္စည်းထုတ်ကုန် သင်တန်းဖွင့်ပွဲကို (၁၆.၂.၂၀၂၆) ရက်နေ့ နံနက်၊ (၀၉:၀၀) နာရီအချိန်တွင် မင်္ဂလာအောင်သိဒ္ဓိကျောင်းတိုက်ဓမ္မရုံတွင် ပြုလုပ်ကျင်းပခဲ့ပါသည်။

          သစ်တောဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိ ဦးတင်ထူးနိုင်မှ အမှာစကားပြောကြားပြီး၊ မြို့နယ် (ကြိမ်၊ ဝါး) လုပ်ငန်းရှင်များအသင်း ဥက္ကဌ ဦးကျော်စိုးမှ ကြိမ်၊ ဝါး လက်မှု့ပစ္စည်း ပြုလုပ်ပုံအဆင့်ဆင့်နှင့် ဈေးကွက်အခြေအနေများအား ရှင်းလင်းပြောကြားခဲ့ပါသည်။ အဆိုပါသင်တန်းသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ မြို့နယ် ကြိမ်၊ ဝါး လုပ်ငန်းရှင်အသင်းဥက္ကဌနှင့်အဖွဲ့ဝင်များ၊ သင်တန်းဆရာများနှင့် သင်တန်းသား (၂၈) ဦးတက်ရောက်ပြီး သင်တန်းကာလ (၄) ရက်ကြာသင်ကြားပေးသွားမည် ဖြစ်ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)