Main menu

မအူပင်မြို့နယ် စက်သုံးဆီဆိုင်လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေး အသိပညာပေး ဆွေးနွေး

Powered by Drupal

      မအူပင်ခရိုင်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ်အရံမီးသတ်တပ်ဖွဲ့၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန တို့ပါဝင်သော ပူးပေါင်းအဖွဲ့သည် ၂၀၂၆ခုနှစ် ဖေဖော်ဝါရီလ ၁၉ ရက်နေ့တွင် မအူပင်မြို့၊ စက်သုံးဆီအရောင်းဆိုင် လုပ်ငန်းရှင်များနှင့် တွေ့ဆုံ၍ စားသုံးသူကာကွယ်ရေးဥပဒေပါ ပြဋ္ဌာန်းချက်များ၊ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့်ကျင့်ဝတ်များနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။ 

            ထိုသို့ဆွေးနွေးရာတွင် ဒေါ်ခိုင်ခိုင်လင်း ဒုဦးစီးမှူးက စားသုံးသူကာကွယ်ရေးဥပဒေအရ စီးပွားရေးလုပ်ငန်းရှင်၏ လိုက်နာရန်တာဝန်များ၊ ကျင့်ဝတ်များအကြောင်း၊ မိမိ၏ကုန်စည် သို့မဟုတ် ဝန်ဆောင်မှု အပေါ်တာဝန်ရှိမှုအကြောင်း၊ ကုန်စည်/ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ အာမခံချက်ပေးခြင်းအကြောင်း၊ မိမိလုပ်ကိုင်ဆောင်ရွက်နေသည့် စီးပွားရေးသည် ဝန်ဆောင်မှုလုပ်ငန်းများပါရှိသည့်အတွက် စားသုံးသူက တောင်းဆိုနိုင်သည့် အခွင့်အရေးများအကြောင်း၊ မိမိရောင်း စက်သုံးဆီများ ရောနှောရောင်းချခြင်းမရှိစေရန်၊ စက်သုံးဆီဈေးနှုန်းတည်ငြိမ်စေရေး၊ နေ့စဉ်သတ်မှတ်ဈေးနှုန်းများ ဖော်ပြရောင်းချရန်၊ အလေးချိန်ပြည့်ဝစွာရောင်းချရန်၊ ခွပ်ခြင်များ၊ ရေသန့်ဗူးများဖြင့် ရောင်းချခြင်းမပြုရန်  ပေးချေရသည့် ဈေးနှုန်းနှင့် စားသုံးသူများ စိတ်ကျေနပ်မှုရှိရန်လိုအပ်ကြောင်း၊ စားသုံးသူပြည်သူများ ဘေးဥပဒ်အန္တရာယ် မဖြစ်ရန်လိုအပ်ကြောင်း၊ ဈေးနှုန်းများအဆမတန်မြင့်တင်ရောင်းချခြင်း မပြုရန်လိုအပ်ကြောင်းတို့ကို အသိပညာပေး ဆွေးနွေးခဲ့ပြီး သက်ဆိုင်ရာအဖွဲ့မှ ဆီဆိုင်များအား ပူးပြင်သောနွေရာသီရောက်ရှိပြီဖြစ်၍ ဆီဆိုင်များ လုပ်ငန်းဆောင်ရွက်ထားရှိမှုများ မီးဘေးအန္တရာယ်ကင်းရှင်စေရေး စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)