Main menu

ပန်းတနော်မြို့နယ် ဆန်ဆိုင်များအား ကွင်းဆင်းစစ်ဆေးဆောင်ရွက်

Powered by Drupal

          မြန်မာဆန်စပါးအွန်လိုင်း(My RO)ကို စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနနှင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်တို့ ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး (MyRO) တွင် မှတ်ပုံတင်သက်တမ်းတစ်နှစ်ပြည့်မြောက်ပြီးသော သိုလှောင်ရုံများ သက်တမ်းပြန်လည်တိုးနိုင်ရေးနှင့် www.myro.com.mm တွင် လစဉ်လဆန်း(၁)ရက်နေ့မှ (၁၀)ရက်နေ့အတွင်း သိုလှောင်ရုံ လုပ်ငန်းရှင်များအနေဖြင့် မိမိတို့သိုလှောင်ရုံများ၏ ကုန်ရ/ ကုန်ထုတ်/ ကုန်လက်ကျန် အခြေအနေများကို ထည့်သွင်းပေးနိုင်ရေး ပန်းတနော်မြို့နယ် ဆန်ဆိုင်များသို့ ကွင်းဆင်း၍ ဆန်အိတ်လက်ကျန် စာရင်းကောက်ယူခြင်းနှင့် အသိပညာပေးလှုံဆော်ဆောင်ရွက်ခြင်း ပြုလုပ်ခဲ့ပါသည်။

      စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်ရုံးဦးစီးမှူးရုံးအနေဖြင့် MyRo သိုလှောင်ရုံလုပ်ငန်းများအား မှတ်ပုံတင်နိုင်ရေး၊ သက်တမ်းတိုး ဆောင်ရွက်နိုင်ရေးကို ကြပ်မတ်ဆောင်ရွက်လျက်ရှိရာ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ ၁၉ ရက်နေ့၊ နေ့လယ် (၁၃:၃၀) နာရီအချိန်တွင် ပန်းတနော်မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် အလယ်ပိုင်းရပ်ကွက်၊ အနောက်ပိုင်းရပ်ကွက်၊ အ‌ရှေ့ပိုင်းရပ်ကွက်ရှိ ဆန်ရောင်းဝယ်ရေးဆိုင်သို့ ကွင်းဆင်း၍ သက်တမ်းတိုးဆောင်ရွက်ခြင်းနှင့် လစဉ်လဆန်း(၁)ရက်နေ့မှ(၁၀)ရက်နေ့အတွင်း သိုလှောင်ရုံများ၏ ကုန်ရ/ ကုန်ထုတ်/ ကုန်လက်ကျန် အခြေအနေများအား မပျက်မကွက်ထည့်သွင်းပေးရန်နှင့် လက်ရှိဆန်ဆိုင်များမှ ဆန်အိတ်လက်ကျန်စာရင်းများကို မြေပြင်အမှန်စာရင်များ သိရှိနိုင်ရေး လစဉ် ကွင်းဆင်းစစ်ဆေးကောက်ယူခြင်း၊ ဒေသတွင်း ဆန်စပါးဈေးနှုန်းများတည်ငြိမ်စေရေးအတွက် သတ်မှတ်ထားသော ရည်ညွှန်းဈေးများကိုအခြေခံ၍ သင့်တင့်မျှတသောနှုန်းထားများဖြင့် ရောင်းချကြရန် လိုအပ်ပါကြောင်း၊ ဆွေးနွေးအသိပညာပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)