Main menu

ဓနုဖြုမြို့နယ် ထိုပုံးကျေးရွာ၊ စာဖြူကျေးရွာအုပ်စုတွင် စိုက်ပျိုးထွက်ရှိနေသော ကွမ်းရွက်

Powered by Drupal

          မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ် စာဖြူကျေးရွာအုပ်စု၊ ထိုပုံးကျေးရွာ ကွမ်းစိုက်တောင်သူ ဦးအောင်မိုးသည် ကွမ်းခြံ ၀.၂၅ ဧက စိုက်ပျိုးကြောင်း သိရသည်။ ကွမ်းကို နှစ်စဉ် စီးပွားဖြစ်စိုက်ပျိုးလျက်ရှိပြီး မိသားစုဝင်ငွေရှိနေကြောင်း သိရသည်။ ကွမ်းအပြင်၊ အခြားသီးနှံများဖြစ်သော ခရမ်းကျွတ်သီး၊ ငရုတ်သီးစိမ်း၊ မုန့်လာဥ၊ ကြက်ဟင်းခါးသီး၊ ပဲတောင့်ရှည်များကိုလဲ စိုက်ပျိုးကြောင်း သိရသည်။

          ကွမ်းကို စိုက်ပျိုးမှုအနေဖြင့် အပင် ၆၀၀၀ ခန့် စိုက်ပျိုးထားပြီး မျိုး ၁ညွှန့်လျှင် ၂၀၀ကျပ်ဖြင့် ဝယ်ယူစိုက်ပျိုးကြောင်း၊ ကွမ်းတိုင်ပေါင်း ၂၀၀ခန့် စိုက်ထူ စိုက်ပျိုးကြောင်း သိရသည်။ ကွမ်းစိုက်ပျိုးချိန်မှာ ၂၀၂၅ခုနှစ် ဒီဇင်ဘာလက စတင်စိုက်ပျိုးပြီး စိုက်ပျိုးပြီး ၃လ အကြာ ၂၀၂၆ခုနှစ် ဖေဖော်ဝါရီလတွင် ရောင်းတန်းဝင် ကွမ်းရွက်များထွက်ရှိကြောင်း သိရသည်။ ကွမ်းရွက်များကို ၁ပတ်လျှင် ၁ကြိမ်း ခူးဆွပ်ကြောင်း၊ ၁ကြိမ်ခူးပါက ပိဿာ ၁၀၀ ခန့် ထွက်ရှိကြောင်း သိရသည်။ ကွမ်းခြံအပြီး ကွမ်းထွက်ရှိမှု ပိဿာ ၉၀၀၀ နီးပါး ခန့်ရရှိကြောင်း သိရသည်။ စိုက်ပျိုးမှု ကုန်ကျစရိတ်အနေဖြင့် ကျပ်သိန်း ၅၀ခန့် ကုန်ကျကြောင်း၊ ကွမ်းကုန်သည်များထံ ရောင်းချမှု ဈေးအနေဖြင့် ၁ပိဿာလျှင် ၂၀၀၀၀/-ကျပ်၊ ၂၅၀၀၀/-ကျပ် ဖြင့် လက်ကား ရောင်းချရကြောင်း၊ ယခင်နှစ် ကွမ်း လက်ကားဈေးအနေဖြင့်လည်း ၁ပိဿာ ၁၅၀၀၀/- ၂၀၀၀၀/-ကျပ်ဖြင့် ရောင်းချခဲ့ရကြောင်း၊ ယခုနှစ် အကျိုးအမြတ်အနေဖြင့် ဈေးနှုန်းအတက်အကျပေါ်မူတည်၍ ငွေကျပ် ၂၀ သိန်းမှ ၃၀ သိန်းကြား ကျန်ရှိကြောင်း ကွမ်းရွက်၊ အကြီး၊ အသေးပေါ်မူတည်၍ ဈေးပြောင်းလဲမှုရှိကြောင်း ကွမ်းကို မိသားစု စီးပွားဖြစ် နှစ်စဉ် စိုက်ပျိုးလျက်ရှိပြီး မိသားစုဝင်ငွေ အဆင်ပြေလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)