
စားသုံးသူရေးရာဦးစီးဌာန၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများသည် (၂၀.၂.၂၀၂၆)ရက်နေ့၊ နေ့လယ်(၁၃:၀၀)နာရီအချိန်တွင် ကြံခင်းမြို့၊ သာယာ(၄)လမ်း၊ ရွာသစ်ရပ်ကွက်ရှိ “မတ်မတ်မို့” အဝတ်အထည်နှင့်လူသုံးကုန်ပစ္စည်းအမျိုးမျိုး အရောင်းဆိုင်သို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း၊ လုပ်ငန်းရှင် ဒေါ်ဝင်းမို့မို့လှိုင်နှင့် တွေ့ဆုံ၍ အွန်လိုင်းရောင်းချမှုဆိုင်ရာ အသိပညာပေး ဆွေးနွေးခြင်းကို ဆာင်ရွက်ခဲ့ပါသည်။
ထိုသို့ကွင်းဆင်းရာတွင် မြို့နယ်တာဝန်ခံ ဦးကျော်နိုင်ဝင်းက Online စနစ်ဖြင့်ရောင်းချနေသော အဝတ်အထည်နှင့် လူသုံးကုန်ပစ္စည်းအမျိုးမျိုးအရောင်းဆိုင်သို့ မှတ်ပုံတင်လက်မှတ်လျှောက်ထားမှုနှင့် စပ်လျဉ်း၍ မြေပြင်ကွင်းဆင်းဆောင်ရွက်ရာတွင် လုပ်ငန်းရှင်များ လျှောက်လွှာပုံစံတွင် ဖြည့်သွင်းထားသည့် လိပ်စာအတိုင်း လုပ်ငန်းအမှန်တစ်ကယ်တည်ရှိခြင်း၊ မှတ်ပုံတင်လက်မှတ် လျှောက်ထားစဉ်က ရောင်းချရန် တင်ပြထားသောကုန်စည်(သို့) ဝန်ဆောင်မှုအမျိုးအစားစာရင်းအတိုင်း မြေပြင်တွင် အမှန်တစ်ကယ် ရောင်းချလျက်ရှိကြောင်း၊ စာရင်းကိုက်ညီမှုရှိခြင်း စသည်တို့ကိုတွေ့ရှိရပြီး၊ လုပ်ငန်းရှင်နှင့်တွေ့ဆုံ၍ မှတ်ပုံတင်လက်မှတ်ရရှိသူ၏တာဝန်နှင့် အခွင့်အရေးများ၊ မှတ်ပုံတင်လက်မှတ်ဆိုင်းငံ့ခြင်း (သို့မဟုတ်) ပယ်ဖျက်ခြင်းဆိုင်ရာအကြောင်းအရာများ၊ Online Sales သက်တမ်းတိုးခြင်းနှင့် ပတ်သက်၍သိရှိရန်အချက်များ၊ အွန်လိုင်းလုပ်ငန်း ဆောင်ရွက်သူများအနေဖြင့် တရားမဝင်တင်သွင်းလာသောကုန်ပစ္စည်းများအား ဝယ်ယူရောင်းချခြင်းမပြုရန်နှင့် အရေးကြီးကုန် စည်နှင့်ဝန်ဆောင်မှုဥပဒေပါ ပြစ်မှု၊ ပြစ်ဒဏ်တို့ကို အသိပညာပေးဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA (ဧရာဝတီ)
