
စားသုံးသူရေးရာဦးစီးဌာန၊ ဇလွန်မြို့နယ်တာဝန်ခံသည် (၂၀.၂၀.၂၀၂၆)ရက်နေ့၊ နေ့လယ် (၁၄:၃၀)နာရီမိနစ်တွင် သက်ဆိုင်ရာဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ ဇလွန်မြို့နယ်အတွင်းရှိ ဘိလပ်မြေ အရောင်းဆိုင်များတွင် ဈေးနှုန်းမြှင့်တင်ရောင်းချမှုရှိ/မရှိအား ကွင်းဆင်းစစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ကွင်းဆင်းရာတွင် ဇလွန်မြို့နယ်အတွင်းရှိ ဘိလပ်မြေအရောင်းဆိုင်(၅)ဆိုင်အား သွားရောက်စစ်ဆေးခဲ့ရာ အိမ်ဆောက်ရာတွင်အသုံးပြုသော ဘိလပ်မြေ၊သွပ်၊ သံ၊ ကျောက်၊ အုတ်၊ သဲ ပစ္စည်းများအား ဝယ်ယူရရှိသည့် ဈေးပေါ်မူတည်၍ သယ်ယူစရိတ်၊ လုပ်သားခအပါအဝင် သင့်တင့်မျှတသော ဈေးနှုန်းဖြင့်သာ ရောင်းချလျက်ရှိကြောင်း တွေ့ရှိရပါသည်။ ယခုအချိန်မှာ ပွင့်လင်းရာသီ ဖြစ်သည့်အလျောက် အဆောက်အဦ ဆောက်လုပ်ခြင်းလုပ်ငန်းများ ပြန်လည်လည်ပတ်နေခြင်းကြောင့် ဝယ်လိုအားကောင်းလာခြင်း၊ ဈေးနှုန်းမြှင့်တင်ရောင်းချမှု ရောင်းချမှုမရှိပဲ သင့်တင့်မျှတသောဈေးနှုန်းဖြင့်သာ ပုံမှန်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ဘိလပ်မြေများပစ္စည်းပြတ်လပ်မှုမရှိဘဲ ဒေသတွင်း သုံးစွဲမှုလုံလောက်ကြောင်း စိစစ်တွေ့ရှိရသည်ဟု သတင်းရရှိပါသည်။
DOCA(ဧရာဝတီ)
