Main menu

ပြည်တွင်းမတ်ပဲ ဈေးနှင့်ထုတ်လုပ်မှု့

Powered by Drupal

          ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်ဦး စီးမှူးဦးထွန်းမင်းလတ်သည် (၂၁.၂.၂၀၂၆) ရက်နေ့တွင် အုန်းကုန်းကျေးရွာအုပ်စု၊ ဂျုံးဂျုံးဂျကျေးရွာ၊ ဒေါ်စိုးစိုးရည်၏ လယ်မြေ (၆.၃၅) ဧကပေါ်ရှိ မတ်ပဲစိုက်ပျိုးထားရှိ၍ ယခုအခါရိတ်သိမ်းနေမှု့အား ကွင်းဆင်းမေးမြန်ခဲ့ပါသည်။

          ထွက်ရှိလာသော မတ်ပဲများကို သာပေါင်းမြို့ပေါ်ရှိ ပဲအဝယ်ဒိုင်များသို့ ရောင်းချခြင်းနှင့် အချို့တောင်သူများက ကန်ကြီးထောင့်မြို့နယ်၊ ဒါးကကျေးရွာနှင့် ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့များသို့ ရောင်းချကြောင်းသိရပါသည်။ မတ်ပဲစိုက် တောင်သူများအနေဖြင့် ထွန်ယက်ခြင်း၊ စိုက်ပျိုးခြင်း၊ အသီးအပွင့်အားဆေး၊ ပိုးသတ်ဆေး၊ မှိုသတ်ဆေး၊ ပဲနှုတ်ခ၊ ပဲပုံခ၊ ပဲခြွေလှေ့ခများအတွက်၊ စိုက်ပျိုးထုတ်လုပ်မှု့၊သွင်းအားစုများအတွက်၊ ယခင်နှစ်ထက်ကုန်ကျငွေပိုကြောင်းနှင့် ပဲဈေးနှုန်းမှာ ဒေသတွင်း ပဲ(၁) တင်း၊ (၂၀) ပိဿာ (၉၇၅၀၀) ကျပ်ဖြစ်ပြီး ယခင်နှစ်ဈေးနှုန်းတူ ရရှိသော်လည်း ပဲအထွက်နှုန်းလျော့ကျသဖြင့် အမြတ်အစွန်းနည်းကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)