Main menu

စားအုန်းဆီရောင်းချသည့် လက်လီ/လက်ကား လုပ်ငန်းရှင်များ နှင့် တွေ့ဆုံဆွေးနွေး

Powered by Drupal

                   နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ် စားသုံးသူရေးရာဦးစီးဌာန၌ (၂၄-၂-၂၀၂၆) ရက်နေ့  နံနက် (၁၁:၀၀) နာရီ အချိန်တွင် ဒု-ခရိုင်ဦးစီးမှူး၊ ပေါင်းတည်မြို့နယ်၊ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် ပေါင်းတည်မြို့နယ်အတွင်းရှိ စားအုန်းဆီ လက်လီလက်ကား ရောင်းချနေသော လုပ်ငန်းရှင်များနှင့် တွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပါသည်။

          ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် ဒု-ခရိုင်ဦးစီးမှူးမှ မြို့နယ်အတွင်းရှိ စားအုန်းဆီ လက်လီ၊ လက္ကား ရောင်းချနေသော လုပ်ငန်းရှင်များကို ပြည်သူများသို့ ဆီရောင်းချရာတွင် Capital Connect ကုမ္ပဏီမှ Software စနစ်ထည့်သွင်း၍ ရောင်းချမည့် အစီအစဉ်အား ဆွေးနွေးခဲ့ပါသည်။ စားအုန်းဆီ ရောင်းချဖြန့်ဖြူးနေသော လက်လီ၊ လက္ကားလုပ်ငန်းရှင်များအား လိုက်ပါပူးပေါင်းဆောင်ရွက် ပေးပါ ရန်နှင့် ခွဲတမ်းရရှိသောဆီများအား ပြည်သူလက်ဝယ်သို့ ရောက်ရှိရေး၊ ဈေးနှုန်း မှန်ကန်စေရေး၊ နေရာမှန်ကန်စေရေး၊ လက်လီ/လက္ကားစာရင်း မှန်ကန်စေရေး၊ အချိန်မှန်စေရေး၊ အရေအတွက် မှန်စေရေး၊ အချိန်အတွယ်နှင့် အရည်အသွေးမှန်စေရေး စသော မှန် (၆) မှန်နှင့် အညီဆောင်ရွက်ပေးရန် ဆွေနွေးခဲ့ရာ ကိုယ်စားလှယ်များမှ လည်းသိလိုသည်များကို ပြန်လည်ဆွေးနွေးမေးမြန်းခဲ့ပြီး အဆိုပါ ဆွေးနွေးပွဲသို့ ဆီလုပ်ငန်းရှင် (၁၅)ဦးတက်ရောက် ခဲ့ကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)