Main menu

တနင်္သာရီတိုင်းဒေသကြီးတွင် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ ကျင်းပပြုလုပ်ခြင်း

Powered by Drupal

             ၂၀၂၆ ခုနှစ်၊ မတ်လ(၁၃)ရက်နေ့၊ နံနက်(၁၀း၀၀) နာရီအချိန်တွင် တနင်္သာရီတိုင်းဒေသ ကြီး၊ ထားဝယ်မြို့၊ မြို့တော်ခန်းမ(၂)တွင် စားသုံးသူရေးရာဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီး အနေဖြင့် ၂၀၂၅ခုနှစ်၊ မတ်လ(၁၅)ရက်နေ့တွင် ကျ‌ရောက်မည့်   ကမ္ဘာ့စားသုံးသူအခွင့် အရေးများနေ့

( World Consumer Rights Day) အခမ်းအနားအား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ၂၀၂၆ ခုနှစ်အတွက် အတည်ပြုသတ်မှတ်ထားသည့်ဆောင်ပုဒ်ဖြစ်သော“ထုတ်ကုန်လုံခြုံမှ ယုံကြည်စိတ်ချစားသုံးသူဘဝ”  (Safe Products, Confident Consumers) ကျင်းပပြုလုပ်ခဲ့ပါသည်။

             အခမ်းအနားကျင်းပပြုလုပ်ရာတွင် အခမ်းအနားအား နံနက်(၁၀း၀၀)အချိန်တွင် စတင် ဖွင့်လှစ်ခဲ့ပြီး၊ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်မှ အဖွင့်မိန့်ခွန်းပြောကြားခြင်း၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးမှ စားသုံးသူရေးရာဦးစီးဌာန၏ ဆောင်ပုဒ်များ၊ ဌာနဖြစ်ပေါ်လာပုံအဆင့်ဆင့်၊ လုပ်ငန်းဆောင်ရွက်မှုူအခြေအနေများအား Power Point များဖြင့် ရှင်းလင်းပြသခြင်း၊ ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အထိမ်းအမှတ် Video Clip များပြခြင်းများနှင့် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ စားသုံးသူရေးရာ ကော်မတီအဖွဲ့ဝင်များ အသင်းအဖွဲ့များ၊ စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများနှင့်အတူ စုပေါင်း မှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးခြင်းများဆောင်ရွက်ခဲ့ပါသည်။

             ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် မြို့တော်ခန်းမအတွင်း MSME လုပ်ငန်းရှင်များမှ ပြသထားသည့် ထုတ်ကုန်များအား လှည့်လည်ကြည့်ရှုခြင်းများ ဆောင်ရွက် ခဲ့ပါသည်။ အဆိုပါအခမ်းအနားအား တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်နှင့် တိုင်းဒေသ ကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများ၊ တိုင်းဒေသကြီး ကုန်သည် များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌနှင့် တိုင်းဒေသကြီးအတွင်း MSME လုပ်ငန်းရှင် များနှင့် အဖွဲ့ဝင်များ၊ စားသုံးသူရေးရာဦးစီးဌာနဝန်ထမ်းများ၊ အခြားဖိတ်ကြားထားသော ဧည့်သည် တော်များတက်ရောက်ခဲ့ပြီး အခမ်းအနားအားနံနက်(၁၁း၀၀)နာရီအချိန်တွင် အောင်မြင်စွာပြီးမြောက် ခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)