
စားသုံးသူရေးရာဦးစီးဌာန၊ မြစ်ကြီးနားခရိုင်ဦးစီးမှူးရုံးမှ ဦးဇေယျာအောင်(ခရိုင်ဦးစီးမှူး) ဦးဆောင်၍ ဦးတင်မောင်ထွန်း(ရုံးအုပ်)နှင့် ဒေါ်စန်းရုန်(အကြီးတန်းစာရေး)တို့ ပါဝင်သောအဖွဲ့သည် ၁၆-၃-၂၀၂၆ ရက်နေ့တွင် မြစ်ကြီးနားမြို့၊ ရှမ်းစုမြောက်ရပ်ကွက်ရှိ အောင်သုခ ဆန်မျိုးစုံဖြန့်ဖြူး ရောင်းချသည့် လုပ်ငန်းရှင်(၁)ဦး နှင့်တွေ့ဆုံ၍ စားသုံးသူများ ဘေးအန္တရာယ် ကင်းရှင်းသော ကုန်စည်နှင့် ဝန်ဆောင်မှုများကိုရရှိသုံးစွဲနိုင်စေရန်၊ စားသုံးသူနစ်နာဆုံရှုံးမှုမရှိစေရန်၊ စားသုံးသူများအတွက် ရေရှည် တည်တံ့ပြီးဖွံ့ဖြိုးတိုးတက်သော လူနေမှုပတ်ဝန်းကျင်ကိုရရှိစေရန်အတွက် အသိပညာပေးဆောင်ရွက်ခဲ့ ပါသည်။
ထိုသို့ အသိပညာပေးဆောင်ရွက်ခဲ့ရာတွင် ဦးဇေယျာအောင်(ခရိုင်ဦးစီးမှူး)က စားသုံးသူ ကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏အဓိပ္ပာယ်ဖွင့်ဆိုချက်အကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များဖြစ်သည့် စားသုံးသူကိုခွဲခြားမှုမရှိဘဲ ဖြောင့်မတ်မှန်ကန်စွာဆက်ဆံခြင်း၊ စီးပွားရေးလုပ်ငန်း လုပ်ကိုင်ရာတွင် စီးပွားရေးကျင့်ဝတ်၊ စည်းကမ်းနှင့်အညီ ဖြောင့်မတ်မှန်ကန်စွာဆောင်ရွက်ခြင်း၊စားသုံးသူ နစ်နာဆုံးရှုံးမှုဖြစ်ပွားစေမည့် ကုန်စည်သို့မဟုတ်ဝန်ဆောင်မှုကို တိုက်ရိုက်ရောင်းချခြင်း သို့မဟုတ် သွယ်ဝိုက်ရောင်းချခြင်းစသည့်အချက်များအကြောင်း၊ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံပေးချက်ပေး ရမည့်အချက်များအကြောင်း၊ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံပေးထားမှုအပေါ် စားသုံးသူက တောင်း ဆိုနိုင်သည့်အခွင့်အရေးများအကြောင်း၊ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကိုအသုံးပြုခြင်းကြောင့် နစ်နာ ဆုံးရှုံးမှုများဖြစ်ပေါ်လာပါက တာဝန်ရှိမှု အခြေအနေများအကြောင်း၊ ဥပဒေပါတားမြစ်ချက်များ၊ ပြစ်မှုနှင့်ပြစ်ဒဏ်များအကြောင်း၊ စံချိန်စံညွှန်းပြည့်မီပြီး အရည်အသွေးကောင်းမွန်သည့် ကုန်စည် ကိုသာရောင်းချရန်နှင့် ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားခြင်းမပြုရန် အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(ကချင်)
