
စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်၊ သထုံခရိုင်၊ ဘီးလင်းမြို့နယ်တာဝန်ခံ သည် ၂၀၂၆ ခုနှစ်၊ မတ်လ ၉ ရက်နေ့၊ နံနက်(၁၀:၀၀) နာရီတွင် ဘီးလင်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမ၌ ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့အကြောင်းနှင့် ပတ်သက်၍ သိကောင်း စရာများကို အသိပညာပေး (Talk Show) ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ထို့နောက် ဘီးလင်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာ ရှိ ဒေါ်အေးမျိုးမျိုးစံ က ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့အကြောင်း သိကောင်းစရာများ ကို မေးမြန်းခဲ့ရာ စားသုံးသူရေးရာဦးစီးဌာန၊ ဘီးလင်းမြို့နယ်တာဝန်ခံ ဒေါ်ဇင်ဖြူဝင်းမှ ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ပေါ်ပေါက်လာပုံနှင့် နှစ်စဉ်နှစ်တိုင်း ကမ္ဘာ့စားသုံးသူ အခွင့်အရေးများနေ့အခမ်းအနားကို မတ်လ (၁၅) ရက်နေ့တွင် ကျင်းပကြောင်း၊ အာဆီယံ နိုင်ငံများနှင့်ပူးပါင်းဆောင်ရွက်မှု အခြေအနေနဲ့ စားသုံးသူကာကွယ်ရေး ဥပဒေ ပြဋ္ဌာန်းမှု အခြေအနေများအား အသိပညာပေး (Talk Show) ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
DOCA (မွန်)
