Main menu

မြန်မာ့မြေပဲဈေးကွက်အကြောင်း တစေ့တစောင်း

Powered by Drupal

               မြန်မာနိုင်ငံသည် မြေပဲအများဆုံးစိုက်ပျိုးသည့်နိုင်ငံများစာရင်းတွင် ပါဝင်နေပြီး အထူးသဖြင့် စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့်မန္တလေးတိုင်းဒေသကြီးတို့သည် မြေပဲအဓိက ထွက်ရှိရာဒေသများဖြစ်ကြသည်။ ပြည်တွင်းစားသုံးဆီဖူလုံရေးအတွက် ဆီထွက်သီးနှံစိုက်ပျိုးမှုသည် အရေးကြီးသောကြောင့် မြေပဲသည်အဓိကအခန်းကဏ္ဌမှပါဝင်နေသည်။ စားသုံးသူများက ပြည်တွင်း ဖြစ်မြေပဲဆီစစ်စစ်ကို ပိုမိုရွေးချယ်လာကြသဖြင့် ဒေသတွင်းဆီလုပ်ငန်းများအတွက် မြေပဲ ဝယ်လိုအားသည် အမြဲမပြတ်မြင့်မားလျက်ရှိနေပါသည်။

             မြန်မာ့မြေပဲကို အိမ်နီးချင်းတရုတ်နိုင်ငံနှင့်ထိုင်းနိုင်ငံတို့က အဓိကဝယ်ယူလျက်ရှိပြီး တရုတ် နိုင်ငံ၏ဆီကြိတ်လုပ်ငန်းများနှင့်စားသောက်ကုန်လုပ်ငန်းများအတွက် နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းမှတစ်ဆင့်တင်ပို့နေရသည်။ ပြည်ပတင်ပို့ရာတွင် အရည်အသွေးပိုင်းနှင့်ပတ်သက်ပြီး အဆိပ်အတောက်ဖြစ်စေသည့် မှိုဓာတ်များကင်းစင်စေရန်နှင့်အစိုဓာတ် ၁၄ ရာခိုင်နှုန်းထက်မကျော် လွန်စေရန် တောင်သူများနှင့်ကုန်သည်များက ရိတ်သိမ်းချိန်လွန်နည်းပညာများကို ပိုမိုအသုံးပြု လာကြသည်။

                မြန်မာ့မြေပဲသည် ပြည်တွင်းဆီဖူလုံရေးအတွက်သာမက နိုင်ငံခြားဝင်ငွေရှာဖွေပေးနိုင်သည့် အဖိုးတန်သီးနှံဖြစ်ပြီး အရည်အသွေးမြင့် မျိုးကောင်းမျိုးသန့်များကို အသုံးပြုခြင်းနှင့်စနစ်တကျ အခြောက်ခံသိုလှောင်ခြင်းနည်းစနစ်များပိုမိုကျယ်ပြန့်လာပါက မြန်မာ့မြေပဲ၏ကမ္ဘာ့ဈေးကွက် အလားအလာမှာ ပိုမိုတောက်ပလာမည်ဖြစ်ပါသည်။

DOCA( ပဲခူး)