
စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ခရိုင်တာဝန်ခံ ဦးဇော်ထွန်းဦး သည် (၁၁.၃.၂၀၂၆)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနတို့နှင့် ပူးပေါင်းကာ ၂၀၂၆ခုနှစ်၊ မတ်လ (၁၅)ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့စားသုံးသူ အခွင့် အရေးများနေ့ အထိမ်းအမှတ်အကြို အသိပညာပေးဆွေးနွေးမှုများကို ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၊ Community Centre ခန်းမ၌ Talk Show ပြုလုပ်ခဲ့ ပါသည်။
အဆိုပါ Talk Show တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ဝါဝါလှိုင်က အသိပညာပေးဆွေးနွေးပွဲ Talk Show ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး၊ စားသုံးသူရေးရာဦးစီးဌာနမှ မင်းဘူးခရိုင်တာဝန်ခံ ဦးဇော်ထွန်းဦးမှ ကမ္ဘာ့ စားသုံးသူအခွင့်အရေးများနေ့ကို အကြိုဂုဏ်ပြုအစီအစဉ်အဖြစ် ဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက် အားရှင်းလင်းပြောကြားပြီး၊ ကမ္ဘာ့စားသုံးသူအခွင့်အရေးမဆုံးရှုံးစေရေး အတွက် ကမ္ဘာ့နိုင်ငံအသီးသီး တွင် ဥပဒေများ ပြဌာန်းခဲ့မှု၊ မြန်မာနိုင်ငံတွင် စားသုံးသူအကာအကွယ်ပေး ရေးဥပဒေ၊ နည်းဥပဒေများ ပြဌာန်းနိုင်မှု၊ စားသုံးသူများ၏ အခြေခံအခွင့်အရေး(၈)ချက်နှင့် ၂၀၂၆ခုနှစ်၊ မတ်လ(၁၅)ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အထိမ်းအမှတ် ဆောင်ပုဒ် ဖြစ်သည့် “ ထုတ်ကုန် ဘေးကင်းလုံခြုံမှ ယုံကြည်စိတ်ချစားသုံးသူဘဝ” စသည်တို့ကို အသိပညာပေး ရှင်းလင်းဆွေးနွေး ခဲ့ကြောင်း သိရှိရပါသည်။
DOCA(မကွေး)
