
စားသုံးသူရေးရာဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးတာဝန်ခံ ဦးဝင်းသိန်းဦး (ရုံးအုပ်) ဦးဆောင်၍
ဒေါ်ခင်ရတနာမျိုး(အငယ်တန်းစာရေး)တို့သည် (၁၇-3-၂၀၂၆) ရက်နေ့ (၁၁:၀၀)နာရီ အချိန်တွင် မိုးညှင်းမြို့၊အောင်သပြေရပ်ကွက်ရှိစားသုံးသူများအား အသိပညာပေးဟောပြောပွဲ ပြုလုပ်ဆောင်ရွက် ခဲ့ပါသည်။
ထိုသို့ စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောရာတွင် စားသုံးသူကာကွယ်ရေးနှင့် စားသုံးသူ၏ အဓိပ္ပါယ်ဖွင့်ဆိုချက်အကြောင်း၊အခန်း(၉)ပုဒ်မ19ပါ စားသုံးသူ၏ အခွင့်အရေးများ အကြောင်း၊ အခန်း(၉)ပုဒ်မ20ပါ စားသုံးသူ၏ တာဝန်များဖြစ်သော ကုန်စည် သို့မဟုတ် ဝန်ဆောင်မှု နှင့်စပ်လျဉ်းသည့် သတင်းအချက်အလက်နှင့် လမ်းညွှန်ချက်များအတိုင်း လိုက်နာဆောင်ရွက်ခြင်း၊ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကို ရွေးချယ် ဝယ်ယူရာတွင် သဘောတူညီထားသည့် တန်ဖိုးနှင့်အညီ ပေးချေခြင်း၊ စီးပွားရေးလုပ်ငန်းရှင်အပေါ် ထိခိုက်နစ်နာစေရန်ရည်ရွယ်၍ မဟုတ်မမှန် စွပ်စွဲပြောဆို မှု၊ ပြုလုပ်မှုတို့ကိုရှောင်ကြဉ်ခြင်း၊ အငြင်းပွားမှုကို ညှိနှိုင်ဖြေရှင်းနေစဉ် လူထုဆက်သွယ်ရေးနည်း လမ်းများဖြင့်ဖြစ်စေ၊ အခြားနည်းလမ်းများဖြင့်ဖြစ်စေ၊ သက်ဆိုင်ရာ စီးပွားရေးလုပ်ငန်းရှင်အပေါ် ထိခိုက်နစ်နာစေရန်မဟုတ်မမှန် ပြောဆိုခြင်း၊ ရေးသားခြင်းနှင့် ပြုမူခြင်းတို့ကိုရှောင်ကြဉ်ခြင်းများ အကြောင်း၊ ကုန်စည်/ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ အာမခံပေးထားမှုအပေါ် စားသုံးသူက တောင်းဆို နိုင်သည့် အခွင့်အရေးနှင့် စားသုံးသူများအား Consumer Call Center လိုင်းခွဲ(1)သို့ လက်တွေ့ ခေါ်ဆို၍ တိုင်ကြားရမည့်နည်းလမ်းများ၊ တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးဆိုင်ရာ အသိပညာ များ၊ အစားအသောက်နှင့် ဆေးဝါးဆိုင်ရာအသိပညာများ၊ ရောနှောဆီအပါအဝင် စားသုံးဆီအမျိုးမျိုး နှင့်စပ်လျဉ်း၍ သက်ဆိုင်ရာဌာနမှ သတ်မှတ်ထားသည့် စံချိန်စံညွှန်းများနှင့် ကိုက်ညီမှုမရှိသော စားသုံးဆီများကို ရေရှည်စားသုံးမိပါက ဘေးအန္တရာယ်ဖြစ်စေနိုင်မှု၊ စားသုံးသူနှင့်ကိုက်ညီသည့် စားသုံးဆီများကိုသာ ရွေးချယ်ဝယ်ယူအသုံးပြုရန်၊ စားအုန်းဆီနှင့်ပတ်သက်၍ သိကောင်းစရာများ အား အသိပညာပေးဟောပြောခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(ကချင်)
