Main menu

လွိုင်ကော်မြို့ပေါ်ရှိ စက်ဆီ၊ချောဆီအရောင်းဆိုင်များသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

       စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံးမှ  ဝန်ထမ်းများသည် ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ( ၆ )ရက်နေ့၊ နံနက် ( ၁၀:၀၀ )နာရီအချိန်တွင် လွိုင်ကော်မြို့ပေါ်ရှိ ရွှေတောင်ရပ်ကွက်၊ မင်္ဂလာရပ်ကွက်နှင့် ဈေးပိုင်းရပ်ကွက်ရှိ စက်ဆီ၊ ချောဆီနှင့် ဆက်စပ်ပစ္စည်းအရောင်းဆိုင်များသို့ အရည်အသွေးပြည့်မီမှန်ကန်မှုမရှိသည့် စက်ဆီ၊ ချောဆီများ ဈေးကွက်အတွင်း ရောင်းချမှုရှိ/မရှိ မိတ်ဖက်ဌာနများဖြစ်သော မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့နှင့်ပူးပေါင်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေး ဆောင်ရွက်ခဲ့ပါသည်။

      ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် လွိုင်ကော်မြို့ပေါ်ရှိ ရွှေတောင်ရပ်ကွက်နှင့် မင်္ဂလာရပ်ကွက်၊ ဈေးပိုင်းရပ်ကွက်ရှိ စက်ဆီ၊ ချောဆီအရောင်းဆိုင်များ၌ ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာနမှ မှတ်ပုံတင်ထားသော ( PPRD )ကုဒ်ပါ စက်ဆီ၊ ချောဆီများအား အများဆုံးတင်သွင်းရောင်းချနေသည်ကို စစ်ဆေးတွေ့ရှိရပြီး စက်ဆီ၊ ချောဆီရောင်းချသည့် အရောင်းဆိုင်ပိုင်ရှင်များအနေဖြင့် ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာန( PPRD )၌ မှတ်ပုံတင်ထားခြင်းမရှိဘဲ အရည်အသွေးမမှန်ကန်သော အာမခံချက်မရှိသည့် စက်ဆီ၊ ချောဆီများအား ရေသန့်ဘူးများ၊ ပြည်တွင်းထုတ်ဘူးများတွင် ထည့်သွင်း၍သော်လည်းကောင်း၊ တရားဝင်တင်သွင်းသည့် ကုန်အမှတ်တံဆိပ်များနှင့် ဆင်တူယိုးမှားကပ်နှိပ်၍သော်လည်းကောင်း ရောင်းချခြင်းမပြုကြရန်နှင့် သတ်မှတ်ချက်များနှင့်ကိုက်ညီမှုမရှိသော စက်ဆီ၊ ချောဆီများ ဈေးကွက်အတွင်း ရောင်းချခြင်းတွေ့ရှိပါက ရေနံနှင့်ရေနံထွက်ပစ္စည်းဆိုင်ရာဥပဒေအရသော်လည်းကောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေအရသော်လည်းကောင်း အရေးယူခံရမည်ဖြစ်ကြောင်း အသိပေးဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ကယား)