Main menu

ကျောက်ပန်းတောင်းမြို့ရှိ Online စနစ်ဖြင့်ရောင်းချသည့်လုပ်ငန်း လိုင်စင်လျှောက်ထားမှုအား မြေပြင်ကွင်းဆင်းစစ်ဆေး

Powered by Drupal

                 စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် အွန်လိုင်းစနစ်ဖြင့် ရောင်းချသည့်လုပ်ငန်းများအား ကုန်သွယ်ရေးဦးစီးဌာနမှ ပေးပို့သည့်အချက်အလက်များအပေါ်အခြေခံ၍ Mobile Application အသုံး ပြုလျက် မြေပြင်စစ်ဆေးခြင်းလုပ်ငန်းများအား ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီး/ပြည်နယ်များ တွင် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလမှစ၍ စစ်ဆေးဆောင်ရွက်လျက်ရှိရာ မန္တလေးတိုင်းဒေသကြီး၊  ကျောက်ပန်းတောင်းမြို့၊ အောင်မင်္ဂလာရပ်ကွက်၊ နယ်မြေ(၈)ရှိ ပိုင်ရှင် ဒေါ်ဇွန်နုဝေ ၏ အွန်လိုင်း စနစ်ဖြင့် ရောင်းချသည့်လုပ်ငန်းဖြစ်သော ‘‘Khit Yamon’’(ခေတ်ယမုံ) အဝတ်အထည်နှင့်ဆက်စပ် ပစ္စည်းလုပ်ငန်းမှ လုပ်ငန်းလိုင်စင်လျှောက်ထားမှုအား  စားသုံးသူရေးရာဦးစီးဌာန၊ ကျောက်ပန်းတောင်း မြို့နယ်တာဝန်ခံ ဒေါ်မြသန္တာထွန်း (ဒု-ဦးစီးမှူး)နှင့် ဝန်ထမ်းများသည် ၁၂.၃.၂၀၂၆ ရက်နေ့၊ မွန်းလွဲ ၁၄:၃၀ နာရီအချိန်တွင် မြေပြင်ကွင်းဆင်းစစ်ဆေးခြင်းအား ဆောင်ရွက်ခဲ့ ပါသည်။

          Mobile Application အသုံးပြု၍ မြေပြင်စစ်ဆေးခြင်းလုပ်ငန်းအား စစ်ဆေးရာတွင် မြေပြင်တွင်လုပ်ငန်းအမှန်တကယ်လုပ်ကိုင် ဆောင်ရွက်မှု ရှိခြင်း၊ လုပ်ငန်းတည်နေရာ မှန်ကန်မှုရှိခြင်း၊ လျှောက်ထားသည့်ကုန်စည်များမှန်ကန်မှုရှိခြင်း၊ လိုအပ်သည့်အချက်အလက်များ ပြည့်စုံမှန်ကန်မှုရှိ၍ ကုန်သွယ်ရေးဦးစီးဌာနမှ ပေးပို့သော အချက်အလက် များနှင့်ကိုက်ညီကြောင်းစစ်ဆေးတွေ့ရှိရပါသည်။ Online စနစ်ဖြင့် ရောင်းဝယ်မှုများတွင် လိမ်လည်ခြင်းများရှိပြီး စားသုံးသူများထိခိုက်နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်လျက်ရှိရာ သက်ဆိုင်ရာဌာနများမှလည်း တရားမဝင်သောရောင်းချမှုများအား အရေးယူ ဆောင်ရွက်လျက်ရှိပါသည်။ လုပ်ငန်းရှင်များမှ သက်ဆိုင်ရာဌာနများတွင် လုပ်ငန်းလိုင်စင်များ လုပ်ဆောင်ပြီး ဥပဒေများနှင့်အညီမှန်ကန်စွာလုပ်ကိုင်ဆောင်ရွက်ကြရန်လိုအပ်ပါသည်။ စားသုံးသူများ အနေဖြင့် Online မှ ဝယ်ယူသုံးစွဲသည့်အခါ ထိခိုက်နစ်နာဆုံးရှုံးမှုများမဖြစ်ပေါ်စေရန် မိမိဝယ်ယူသုံးစွဲ မည့်ကုန်စည်ရောင်းချသောလုပ်ငန်းသည်   တရားဝင်မှတ်ပုံတင်ထားသည့် လုပ်ငန်းဟုတ်မဟုတ်စိစစ် ၍ မှာယူခြင်း၊ ဝယ်ယူသုံးစွဲခြင်းများသတိပြုဆောင်ရွက်သင့်ပြီး လုပ်ငန်းဆောင်ရွက်မှုများအား သက်ဆိုင်ရာဌာန၏ လုပ်ငန်းလိုင်စင်ရှိ/မရှိနှင့် စားသုံးသူများအတွက် ထိခိုက်နစ်နာဆုံးရှုံးမှုမရှိသော မှန်ကန်သည့် ကုန်စည်များကိုသာ ရောင်းချမှုရှိစေရေးအတွက် ကွင်းဆင်းစစ်ဆေးမှုများ ဆောင်ရွက် ခြင်းဖြင့်လည်းကောင်း ၊ လုပ်ငန်းရှင်များအနေဖြင့်လည်း ပြဌာန်းထားသောဥပဒေ၊ စည်းမျဉ်းစည်းကမ်း များအတိုင်း လိုက်နာဆောင်ရွက်ခြင်းဖြင့်လည်းကောင်း မှန်ကန်သည့် Online ရောင်းချသည့်စနစ် တစ်ရပ်ပေါ်ပေါက်လာ မည်ဖြစ်ပါသည်။ DOCA(မန္တလေး)