Main menu

ပခုက္ကူမြို့ပေါ်ရှိ ပဲကြော်လုပ်ငန်းများသို့ စက်မှုလုပ်ငန်းသုံးဆီများ အမှန်တကယ်သုံးစွဲခြင်းရှိ/မရှိ မြေပြင်ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

    စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်ဦးစီးမှူး ဦးဝေဠုအောင် ဦးဆောင် သော ဝန်ထမ်းများအဖွဲ့သည် (၁၁.၃.၂၀၂၆)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် စက်မှုလုပ်ငန်းသုံးဆီ ခွဲတမ်းရရှိသော ပခုက္ကူမြို့၊ အမှတ်(၁၅)ရပ်ကွက်ရှိကျော်မြင့်ထွန်းနှင့်ခိုင်မွန်ပဲကြော် လုပ်ငန်းသို့  စားအုန်းဆီများ အမှန်တကယ် သုံးစွဲခြင်းရှိ/မရှိ  မြေပြင် ကွင်းဆင်း စစ်ဆေးခဲ့ပါသည်။

    ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ခရိုင်ဦးစီးမှူးက  စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် ဒေသ တွင်း MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကို အားပေးဆောင်ရွက်လျက်ရှိကြောင်း၊ ပဲကြော်လုပ်ငန်း များကို မြေပြင်တွင် လုပ်ငန်းအမှန်တကယ်လုပ်ကိုင်ရန်လိုအပ်ပြီး စက်မှုလုပ်ငန်းသုံးဆီများကိုလည်း  ပဲကြော်လုပ်ငန်းတွင်  အမှန်တကယ် သုံးစွဲရန်လိုကြောင်း၊ ထုတ်လုပ်သည့် ကုန်ပစ္စည်းများကို သန့်ရှင်း သပ်ရပ်စွာ လုပ်ကိုင်ပြီး စားသုံးသူများအတွက် ကျန်းမာရေးနှင့် ညီညွှတ်အောင် ထုတ်လုပ်ရောင်းချ ရန်လိုကြောင်း၊ ကုန်အမှတ်တံဆိပ်နှင့်ပတ်သက်၍ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈) ပုဒ်မ- ၄၁ တွင် ပြဌာန်းထားသော ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာ ဖော်ပြရန် လိုကြောင်း၊ သက်ဆိုင် ရဌာနများ၏ ညွှန်ကြားချက်များကိုလည်း လိုက်နာရန်လိုအပ်ပြီး လုပ်ငန်းများကို စဉ်ဆက်မပြတ် ကွင်းဆင်းစစ်ဆေးသွားမည်ဖြစ်ကြောင်း၊ ဆီလိုအပ်မှုအခြေအနေများ ကိုလည်း တင်ပြဆောင်ရွက်နိုင် ကြောင်း၊ ယခုလို မြေပြင်ကွင်းဆင်း စစ်ဆေးခြင်းဖြင့် ဈေးကွက် အတွင်း၌လည်း လုံခြုံစိတ်ချရသော ကုန်စည်များကိုသာ စားသုံးသူများ အနေဖြင့်ဝယ်ယူအသုံးပြုနိုင်မည်ဖြစ်ကြောင်း အသိပညာပေးဆွေး နွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)