Main menu

ပေါင်မြို့နယ်၌ နွေစပါးစိုက်ဧက (၂၃၀၉၈) စိုက်ပျိုးပြီးစီး

Powered by Drupal

    ၂၂.၃.၂၀၂၆ ရက်နေ့တွင် မွန်ပြည်နယ်၊   ပေါင်မြို့နယ်၌ မတ်လ (၂၂) ရက်နေ့အထိ နွေစပါးစိုက်ဧက (၂၃၀၉၈) စိုက်ပျိုးပြီးစီးကြာင်း စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။   နွေသီးနှံစိုက်ပျိုးရာသီတွင် သီးနှံစိုက်ပျိုးစွမ်းအား တိုးတက်မြင့်မားစေရန်နှင့် ဒေသတွင်း ဆန်ဖူလုံ ပိုလျှံစေရေးအတွက် နွေစပါးစိုက်ပျိုးခြင်းဖြစ်ပြီး ဆည်ရေ၊ သဘာဝ ဝင်ရေ၊ ချောင်းပိတ်၊ မြောင်းပိတ်၍ ရေစုပ်စက်စနစ်တို့ဖြင့် စိုက်ပျိုးရေးကို အကျိုးရှိစွာ အသုံးချပြီး စိုက်ပျိုးဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ ပေါင်မြို့နယ်သည် နွေစပါး စိုက်ပျိုးရာမှာ အောင်မြင်ဖြစ်ထွန်းမှုရှိတာကြောင့် နှစ်စဉ်နွေသီးနှံ စိုက်ပျိုးရာသီမှာ တောင်သူအများစုက နွေစပါးကို အားထားစိုက်ပျိုးကြသည်။ ဒေသခံတောင်သူတွေ ကိုလည်း နွေစပါးစိုက်ပျိုးရာမှာ အထွက်နှုန်းတိုးတက်စေရေးအတွက် စိုက်ပျိုးရေးနည်း စနစ်များနဲ့ မျိုးကောင်းမျိုးသန့်များ စိုက်ပျိုးရေး၊ ပိုးမွှားရောဂါကာကွယ်နှိမ်နင်းရေး၊ သဘာဝ မြေသြဇာနှင့်ဓါတ်မြေသြဇာစနစ်တကျသုံးစွဲရေးအတွက် နယ်မြေအလိုက် တာဝန်ပေး ထားတဲ့ စိုက်ပျိုးရေးဦးစီးဌာနဝန်ထမ်းများက တောင်သူပညာပေးလုပ်ငန်းများကို ပံ့ပိုးကူညီ ဆောင်ရွက်ပေးလျက်ရှိသည်။ ဒေသခံတောင်သူများ အဓိကစိုက်ပျိုးသည့် နွေစပါးမျိုးများမှာ အောင်နိုင်တိုး ၊  မှော်ဘီ-၊ ရွှေသွယ်ရင်၊  ရေဆင်းပေါ်ဆန်း - (၁၊၂) ၊ ဆင်းသုခ၊ ရတနာတိုး စသည့် စပါးမျိုးများကို စိုက်ပျိုးကြောင်း သိရသည်။  ဒေသခံတောင်သူများ နွေစပါး အချိန်မီ စိုက်ပျိုးနိုင်ရေးအတွက် ကတိုက်ဆည်မှ ဆည်ရေများကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၅) ရက်နေ့ကတည်းက စိုက်ပျိုးရေများ စတင်ဖြန့်ဝေပေးလျက်ရှိကြောင်း  သထုံခရိုင် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာန၊  တည်ဆောက်ရေး (၆) ထံမှ သိရသည်။

DOCA (မွန်)