
မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် ရောင်းချနေသော ဆားများ၌ အိုင်အိုဒင်းပါဝင်မှု သတ်မှတ်စံချိန်စံညွှန်းပြည့်မီစေရေးအတွက် သက်ဆိုင်ရာအဖွဲ့များဖြစ်သည့် မြို့နယ်စည်ပင် သာယာရေးအဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနတို့ ပါဝင်သော အဖွဲ့သည် ၂၀.၃.၂၀၂၆ ရက်နေ့က ပေါင်မြို့၊ မင်္ဂလာဈေးရှိ ကုန်စုံဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့သည်။
ထိုသို့ စစ်ဆေးရာတွင် ဈေးကွက်အတွင်း၌ ရောင်းချနေသော ဆားများတွင် အိုင်အိုင်ဒင်း ပါဝင်မှုပြည့်မီစေရေးအတွက် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ အိုင်အိုဒင်း ဓါတ်ပါဝင်မှု စစ်ဆေးသည့် ဆေးရည်ဖြင့် လက်တွေ့စမ်းသပ်စစ်ဆေးခဲ့ရာ ရောင်းချနေသော ဆားများသည် အိုင်အိုဒင်းဓါတ်ပြည့်ဝစွာ ပါဝင်ပြီး “စစ်ဆေးပြီး” တံဆိပ် ရိုက်ထားသော ဆားများသာ ရောင်းချကြောင်း သိရသည်။
DOCA (မွန်)
