
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ် ငါးဘတ်အိုင်ကျေးရွာအုပ်စု၊ ကျောင်းစုကျေးရွာအုပ်စုနှင့် တော်ကွဲကျေးရွာအုပ်စုများတွင် ဆီစာအုပ်ဖြင့် ဖြန့်ဖြူးရောင်းချပေးနေမှုအား ၂၀၂၆ခုနှစ် မတ်လ ၁၉ရက်နေ့က မြို့နယ်ဆီကိုယ်စားလှယ်နှင့် ပူးပေါင်း၍ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ရောင်းချမှုများကို ပူးပေါင်းစစ်ဆေးရေးအဖွဲ့မှ ကြည်ရှုစစ်ဆေးပြီး သတ်မှတ်ချက်များနှင့် အညီရောင်းချနိုင်ရေး အသိပေးလမ်းညွှန်ဆောင်ရွက်ခဲ့ပြီး ကျေးရွာများမှ ထုတ်ယူသည့် အိမ်ထောင်စု-၅၂၁ဦးထုတ်ယူသည့်ပိဿာ-၂၆၀ပိဿာ၅၀ကျပ်သား၊ ထုတ်ယူသည့်ဈေးနှုန်း-၇၁၈၀ကျပ်၊ ရောင်းချ သည့်ဈေးနှုန်း-၇၄၀၀ကျပ်၊ ကျောင်းစုကျေးရွာအုပ်စု၊ ထုတ်ယူသည့် အိမ်ထောင်စု-၆၆၈ဦးထုတ်ယူ သည့်ပိဿာ-၃၃၄ပိဿာ၊ ထုတ်ယူသည့်ဈေးနှုန်း-၇၁၈၀ကျပ်၊ ရောင်းချသည့်ဈေးနှုန်း-၇၅၀၀ကျပ် တော်ကွဲကျေးရွာအုပ်စု၊ ထုတ်ယူသည့်အိမ်ထောင်စု-၄၆၇ဦး၊ ထုတ်ယူသည့်ပိဿာ-၂၃၃ပိဿာ ၅၀ကျပ်သား၊ ထုတ်ယူသည့်ဈေးနှုန်း-၇၁၈၀ကျပ်၊ ရောင်းချ သည့်ဈေးနှုန်း-၇၅၀၀ကျပ် ဖြင့်ရောင်းချပေးလျက်ရှိရာ၊ ကျေးရွာနေပြည်သူများကိုလည်း ဆီထုတ်ယူခွင့် စာအုပ်ဖြင့် ဝယ်ယူရာတွင် လိုက်နာရမည့် အချက်အလက်များကို သိရှိနိုင်စေရန်နှင့် စားသုံးသူဝယ်ယူမှုတွင် အခက်အခဲရှိပါက ဓနုဖြူမြို့နယ်စားသုံးသူရေးရာဦးစီးဌာနသို့ ဆက်သွယ်အကူအညီယူ အကြောင်း ကြားနိုင်ကြောင်းကို အသိပညာပေးမှာကြားခဲ့ကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)
