
မအူပင်ခရိုင်၊ ညောင်တုန်းမြို့တွင် သက်ဆိုင်ရာဌာန ထောက်ခံချက်မရှိသော အချိုရည်အမျိုးမျိုးနှင့် ကလေးအာဟာရဖြည့်စွက်စာများ ဖြန့်ဖြူးရောင်းချမှု မရှိစေရေးအတွက် ကွင်းဆင်းစစ်ဆေးခြင်းများကို ၂၀၂၆ခုနှစ် မတ်လ ၁၇ ရက်နေ့ နံနက် (၀၈း၀၀) နာရီအချိန်တွင် မြို့မဈေး နှင့် ဈေးတန်းရပ်ကွက် ကုန်မျိုးစုံဆိုင်များတွင် ဆောင်ရွက်ခဲ့သည်။
အဆိုပါ ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်ဦးစီးမှူး ဦးအောင်လွင်ဦးစီးအရာရှိနှင့် ဝန်ထမ်းများသည် အချိုရည်အမျိုးမျိုးနှင့် ကလေးအာဟာရဖော်စပ် ဖြည့်စွက်စာများတွင် မြန်မာစာကုန်ညွှန်းအမှတ်အသားပါရှိမှု၊ ကျန်းမာရေးထောက်ခံချက်ပါရှိမှု၊ ထုတ်လုပ်မှုလိုင်စင် အမှတ်ပါရှိ မှု၊ FDA လက်မှတ်ပါရှိမှု အခြေအနေ စစ်ဆေးခြင်းများကို ညောင်တုန်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးဌာနနှင့် ကျန်းမာရေးဝန်ထမ်းများက ကွင်းဆင်းစစ်ဆေးခြင်းဖြစ်သည်။ ထိုကဲ့သို့ ကွင်းဆင်းစစ်ဆေးရခြင်းမှာ စားသောက်ကုန်များ အန္တရာယ်ကင်းရှင်းစေရေးနှင့် ပြည်သူများ စားသုံးသူအခွင့်အရေး အပြည့်အဝရရှိစေရေးတို့အတွက် ရည်ရွယ်၍ ဆောင်ရွက်ရခြင်းဖြစ်ကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)
