
ဧရာ၀တီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင်(၁၉.၃.၂၀၂၆)ရက်နေ့၊ နံနက်(၁၀:၀၀) နာရီအချိန်တွင် စက်သုံးဆီအရောင်းဆိုင်များအား စစ်ဆေးရေးအဖွဲ့မှ ကွင်းဆင်းကြီးကြပ်စစ်ဆေးမှုပြုလုပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းကြီးကြပ် စစ်ဆေးရာတွင် ဒေးဒရဲမြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယ-မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆောင်၍စားသုံးသူ ရေးရာဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်မီးသတ်တပ်ဖွဲ့၊ စည်ပင်သာယာရေးဦးစီးဌာ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများက မြို့ပေါ် ရပ်ကွက်များရှိ စက်သုံးဆီအရောင်းဆိုင်များအား စက်သုံးဆီများကိုပုံမှန်ရောင်းချခြင်းများ ရှိ/ မရှိကွင်းဆင်းကြီးကြပ် စစ်ဆေးခဲ့ကြောင်း၊ စက်သုံးဆီများရောင်းချမှု ရပ်တန့်မှုမရှိစေရေး၊ သတ်မှတ်ဈေးနှုန်းများအတိုင်း ရောင်းချနိုင်ရေး၊ ဈေးနှုန်းများ မြှင့်တင်ရောင်းချပါက အပြစ်ပေးအရေးယူမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်းနှင့် စက်သုံးဆီပြတ်လပ်မှုမရှိစေရေးကိုဆွေးနွေးခဲ့ကြောင်း သိရသည်၊၊ ဒေးဒရဲမြို့တွင် ဓာတ်ဆီ၊ ဒီဇယ်၊ ပရီမီယံရောင်းချရာတွင် သတ်မှတ်စျေးနှုန်းများအတိုင်း ရောင်းချခြင်းများ ရှိ/မရှိနှင့် သိုလှောင်ထားခြင်းမျိုး မပြုလုပ်ရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)
