
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်တွင် ဆီထွက်သီးနှံမျိုးစုံ အဓိကထား စိုက်ပျိုးလျက်ရှိပြီး ပခုက္ကူမြို့ ပဲမျိုးစုံနှင့် ဆီထွက်သီးနှံမျိုးစုံရောင်းဝယ်ရေး ဈေးကွက်သို့ ဆီထွက်သီးနှံမြေပဲများ နေ့ စဉ်ဝင်ရောက်အရောင်းအဝယ်ဖြစ်လျက်ရှိရာ မတ်လ(တတိယ)ပတ်တွင် မြေပဲဈေးအနည်းငယ်မြင့် တက်အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ ပခုက္ကူခရိုင်အတွင်းရှိ ပခုက္ကူ၊ မြိုင်၊ ပေါက်၊ ရေစကြို၊ ဆိပ်ဖြူမြို့နယ်တို့တွင် ဆီထွက်သီးနှံမြေပဲကို အဓိကစိုက်ပျိုးလျက်ရှိသည်။ ယခုအချိန် တွင် မြေပဲ(အသစ်)များ ပခုက္ကူဈေးကွက်သို့ လှိုင်လှိုင်ဝင်ရောက် အရောင်းအဝယ်ဖြစ်လျက်ရှိရာ ခရိုင် အတွင်း၌ မြေပဲသီးနှံ(အသစ်)ထွက်ပေါ်ခြင်း မရှိသေးသော်လည်း အခြားမြို့နယ်များဖြစ်သည့် စစ်ကိုင်း တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်နှင့် ကျောက်ပန်းတောင်းမြို့ နယ်အတွင်းရှိ ကျေးရွာများနှင့် ထွက်ရှိသော(မိုး)ပင်ပြန့်မြေပဲအတောင့်အဆံများ လှိုင်လှိုင်ဝင်ရောက် လျက်ရှိပြီး မြို့ပေါ်ရှိ လုပ်ငန်းရှင်များမှလည်း မြေပဲဆီသန့်ထုတ်လုပ်ရန် ကုန်ကြမ်းမြေပဲတောင့်များ ကို သိုလှောင်ရန် ဝယ်ယူလျက်ရှိကြောင်း၊ ပြည်တွင်းဖြစ်မြေပဲဆီသန့် စားသုံးမှုမြင့်မားလျက်ရှိ၍ ဈေးကွက် သို့ ဝင်ရောက်လာသော မြေပဲအတောင့်နှင့်အဆံများကို မြို့ပေါ်ရှိ လှောင်လက်သမားများ၊ ဆီစက် လုပ်ငန်းရှင်များ အဝယ်လိုက်ခြင်းအပြင် ပြည်ပတရုတ်နိုင်ငံမှလည်း အဝယ်လိုက်ပြီး မြေပဲ တောင့်/ အဆံမှာ အရည်အသွေးနှင့် ဝယ်လိုအားပေါ် မူတည်၍ ဈေးအနိမ့်၊ အမြင့်ဖြင့် အရောင်း အဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရသည်။
ပခုက္ကူပွဲရုံဈေးကွက်တွင် ဖြစ်ပေါ်နေသောမြေပဲဈေးနှုန်းများမှာ မတ်လ(တတိယပတ်)ပတ် တွင် မြေပဲဈေးနှုန်းများပြန်လည်မြင့်တက်နေပြီး အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ မြေပဲအတောင့် (အခြောက်) တစ်ပိဿာလျှင် ကျပ်(၄၅၀၀ - ၄၀၀၀ - ၂၅၀၀)၊ မြေပဲ တောင့်(အစို)တစ်ပိဿာလျှင် ကျပ်(၃၅၀၀-၃၀၀၀)၊ မြေပဲလုံးဆံနီ တစ်ပိဿာလျှင် ကျပ်(၁၀၄၀၀-၁၀၈၀၀)၊ မြေပဲလုံးဆံဖြူ တစ် ပိဿာလျှင် ကျပ်(၈၀၀၀-၇၈၀၀)၊ ဆီဆံ တစ်ပိဿာလျှင် ကျပ်(၇၆၀၀-၇၅၀၀)၊ ဆုံမြေပဲ ဖတ် (အခွေ) တစ်ပိဿာလျှင် ကျပ်(၇၁၀၀-၇၂၀၀)၊ စက်ပဲဖတ် တစ်ပိဿာလျှင် ကျပ်(၇၀၀၀)ဈေးဖြင့် အရောင်းအဝယ်ဖြစ်ပြီး ယခင်လများနှင့် ဈေးနှုန်းနှိုင်းယှဉ်ပါက မြေပဲဆံတစ်ပိဿာလျှင် ကျပ် (၅၀၀၀) ခန့်ဈေး တက်နေပြီး၊ မြေပဲဖတ် တစ်ပိဿာလျှင် ကျပ်(၂၀၀၀)ခန့် ဈေးအနည်းငယ် ပြန်လည်မြင့်တက် အရောင်းအဝယ်ဖြစ်ကြောင်း၊ ဒေသတွင်း ဈေးကွက်၌ မြေပဲဆီတစ်ပိဿာလျှင် ကျပ်(၁၈၀၀၀-၁၉၀၀၀)ဈေးအသီးသီးဖြင့် အရောင်း အဝယ်ဖြစ်ကြောင်း၊ မြေပဲဈေးကွက်အနေဖြင့် မြို့ပေါ်ရှိ ဆီစက်လုပ်ငန်းရှင်များမှ ဝယ်ယူမှု များခြင်း အပြင် မန္တလေး၊ ရန်ကုန်နှင့် အခြားမြို့နယ်ဈေးကွက်သို့ တင်ပို့လျက်ရှိကြောင်း၊ ပြည်တွင်း မြေပဲဆီစား သုံးမှုမြင့်မားလျက်ရှိ၍ ဆီစက်လုပ်ငန်းရှင်များမှ ဝယ်လိုအား ကောင်းခြင်းကြောင့် ပခုက္ကူမြေပဲဈေးကွက် အရောင်းအဝယ် သွက်ကြောင်း သိရှိရ သည်။
DOCA(မကွေး)
