Main menu

ဗီယက်နမ်နှင့် ဆန်စိုက်ပျိုးမှုပူးပေါင်းဆောင်ရွက်မှုကို အမွှမ်းတင်ပြောကြားခဲ့သည့် ကျူးဘားပါတီခေါင်းဆောင်

Powered by Drupal

           ကျူးဘားနိုင်ငံ၏ ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၏ အတွင်းရေးမှူး (၁)နှင့် သမ္မတဖြစ်သူ Miguel Diaz-Canel Bermudez သည် Pinar del Rio ပြည်နယ်၊ Los Placios ခရိုင်တွင် ဗီယက်နမ်၏ Agri-VMA ကုမ္ပဏီမှဆောင်ရွက်နေသည့် ဆန်စိုက်ပျိုးရေးစီမံကိန်းကို ချီးကျူး ပြောကြားခဲ့ကြောင်း သိရပါသည်။ Agri-VMA ဥက္ကဋ္ဌ Nguyen Van Quang ကို လက်ခံ တွေ့ဆုံရာတွင် Diaz-Canel က ကျူးဘား–ဗီယက်နမ် ဆန်ထုတ်လုပ်ရေး ပူးပေါင်းဆောင်ရွက်မှု တိုးတက်လာမှုအပေါ် ကျေနပ်အားရမှုရှိကြောင်း ပြောကြားခဲ့ပါသည်။ အဆိုပါ ပူးပေါင်းဆောင်ရွက်မှုသည် Agri-VMA မှ အသုံးပြုနေသည့် မော်ဒယ်သုံးမျိုးအပေါ် အခြေခံထားပြီး အပြည့်အဝ နိုင်ငံခြားပိုင်လုပ်ငန်းပုံစံဖြင့် အသုံးပြုခွင့်ရမြေများပေါ်တွင် ဆန်စိုက်ပျိုးခြင်း၊ ကျူးဘားထုတ်လုပ်သူများနှင့် ပူးပေါင်းဆောင်ရွက်ရေးစာချုပ်များချုပ်ဆိုခြင်းနှင့် ကျူးဘား စိုက်ပျိုးရေးသမားများအား နိုင်ငံခြားငွေဖြင့် စိုက်ပျိုးရေးလုပ်ငန်းသုံးပစ္စည်းများနှင့် နည်းပညာများ ရောင်းချခြင်းတို့ပါဝင်ကြောင်း သိရပါသည်။ Diaz-Canel က Agri-VMA နှင့် ဆောင်ရွက်နေသည့် ပူးပေါင်းဆောင်ရွက်မှုရလဒ်များသည် ၂၀၂၄ ခုနှစ် စက်တင်ဘာလတွင် ဗီယက်နမ် ကွန်မြူနစ်ပါတီ အထွေထွေအတွင်းရေးမှူး To Lam ၏ ကျူးဘားသို့ လည်ပတ်မှုအတွင်းရရှိခဲ့သည့် သဘောတူညီချက်များကို ထင်ဟပ်စေကြောင်း ပြောကြားခဲ့ပါသည်။ ထို့အပြင် Agri-VMA အနေဖြင့် သဘောတူညီထားသည့် အစီအစဉ်များကို အကောင်အထည်ဖော်ပြီး ကျူးဘား စိုက်ပျိုးရေးသမားများအတွက် ထုတ်လုပ်ခြင်း၊ စိုက်ပျိုးရေးလုပ်ငန်းသုံးပစ္စည်းများနှင့် နည်းပညာများရောင်းချခြင်းတို့တွင် ပူးပေါင်းဆောင်ရွက်မှု ဆက်လက်တိုးချဲ့သွားရန် တိုက်တွန်းခဲ့ပါသည်။ တစ်ဖက်တွင် Nguyen Van Quang က Agri-VMA သည် ဗီယက်နမ် ခေါင်းဆောင်များ၏ ဆုံးဖြတ်ချက်နှင့် ကိုက်ညီစွာ ကျူးဘားနိုင်ငံ၏ လက်ရှိစီးပွားရေးစိန်ခေါ်မှုများကို ကျော်လွှားနိုင်ရန် အပြည့်အဝ ထောက်ခံကူညီသွားမည်ဟု အတည်ပြုပြောကြားခဲ့ကြောင်း သိရှိရပါသည်။

Vietnam Plus                                                                            

DOCA (ရန်ကုန်)