မလေးရှားစားအုန်းဆီဘုတ်အဖွဲ့ (MPOB) သည် စားအုန်းဆီအကြမ်း (CPO) အပေါ် ကောက်ခံမည့် ပို့ကုန်ခွန်နှုန်းထားကို မတ်လတွင် သတ်မှတ်ခဲ့သော ၉.၀% မှ ၉.၅% သို့ ဧပြီလတွင် တိုးမြှင့်သတ်မှတ်လိုက်ကြောင်း ထုတ်ပြန်လိုက်သည်။
အဆိုပါထုတ်ပြန်ချက်ကြေညာချက်တွင် မလေးရှားစားအုန်းဆီဘုတ်အဖွဲ့ (MPOB) က ၂၀၂၆ ခုနှစ်၊ ဧပြီလ၌ စားအုန်းဆီကြမ်း အခြေခံဈေးနှုန်းအနေဖြင့် တစ်တန်လျှင် ၃,၈၉၆.၀၉ ရင်းဂစ် (ဒေါ်လာ ၉၉၈.၂၃) မှ ၃,၉၃၅.၁၉ ရင်းဂစ် (ဒေါ်လာ ၉၉၉.၂၉) ထိ သတ်မှတ်ခဲ့ကြောင်း ပြောကြားခဲ့သည်။ စားအုန်းဆီ ပို့ကုန်ခွန်သည် ယခင်လထက် ဧပြီလ၌ တစ်တန်လျှင် ဒေါ်လာ ၉၄.၉၃ ဖြစ်လာပြီး ၅.၆၇ ရာခိုင်နှုန်းထိ မြင့်တက်လာမည်ဖြစ်သည်။
မလေးရှားစားအုန်းဆီဘုတ်အဖွဲ့ (MPOB) က ဧပြီလ၌ စားအုန်းဆီကြမ်းတင်ပို့ခွန်ကို ၉ ရာခိုင်နှုန်းမှ ၉.၅ ရာခိုင်နှုန်းသို့ မြင့်တက်လိုက်ခဲ့သဖြင့် အခြေခံဈေးနှုန်းသည် တစ်တန်လျှင် ၃,၉၃၅.၁၉ ရင်းဂစ်ထိ ရောက်ရှိလာပြီး တင်ပို့အခွန်(export tax) သည်လည်း ယခင်လထက် ၅.၆၇ ရာခိုင်နှုန်း မြင့်တက်လာမည်ဖြစ်သည်။ ယခုကဲ့သို့ မူဝါဒများပြောင်းလဲခဲ့ခြင်းသည် စားအုန်းဆီ တင်ပို့ရာတွင် ကုန်ကျစရိတ်မြင့်တက်လာပြီး နိုင်ငံတကာ၏ ဝယ်လိုအားကို ကျဆင်းစေနိုင်သည်။ ယင်းကြောင့် ထုတ်လုပ်သည့် နိုင်ငံများတွင် လက်ကျန်ကုန်စည် (Inventory) များ ပိုမိုစုပုံလာပြီး အဝယ်ထက် အထုတ်များကာ (Oversupply) ဖြစ်ပေါ်စေနိုင်သောကြောင့် လက်ငင်း စားအုန်းဆီ ဈေးကွက် (Spot Price) အပေါ် ကျရောက်နေသည့် ဈေးနှုန်းတွန်းတင်မှု ဖိအားများကို လျော့ပါး စေနိုင်ကြောင်း သိရသည်။
Source: UkrAgroConsult, 18 March 2026(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)
