
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့ရှိ ဆေးနှင့် ဆေးပစ္စည်း အရောင်းဆိုင်များအား ကုန်ဈေးနှုန်းတည်ငြိမ်ရေးလုပ်ငန်းအဖွဲ့မှ ကွင်းဆင်းစစ်ဆေးခြင်းကို ၆.၄.၂၀၂၆ ရက်နေ့ နံနက် (၀၉း၀၀) နာရီအချိန်တွင် ဆောင်ရွက်ခဲ့သည်။
ထိုသို့ကွင်းဆင်း ဆောင်ရွက်ရာတွင် ကုန်ဈေးနှုန်းတည်ငြိမ်ရေးလုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စီမံကိန်းရေးဆွဲရေးဦးစီးဌာန၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ် စည်ပင်သာယာရေးအဖွဲ့ တို့ပူးပေါင်းပါဝင်သည့် ကုန်ဈေးနှုန်းတည်ငြိမ်ရေး လုပ်ငန်းအဖွဲ့တို့က ဆေးပစ္စည်းအရောင်းဆိုင်ကြီးများတွင် ဆေးနှင့်ဆေးပစ္စည်းများ ဈေးနှုန်းမြှင့်တင် ရောင်းချခြင်း ရှိ/ မရှိနှင့် ဈေးကစားရန်ရည်ရွယ်၍ သိုလှောင်ထားခြင်း ရှိ/ မရှိ၊ ဆေးဝါးများ ဝယ်ယူရရှိမှု၊ ပစ္စည်းပြတ်လပ်မှုအခြေအနေရှိ/မရှိ ကို ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး ဆေးပစ္စည်းများကို ဖြစ်သင့်သည့် ဈေးနှုန်းထက်ပိုမိုရောင်းချမှုမရှိစေရေး ဆေးဆိုင်ပိုင်ရှင်များအား ဆွေးနွေးမှာကြားခဲ့ကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)
