Main menu

ညောင်တုန်းမြို့နယ် အလှကုန်ပစ္စည်းအမျိုးမျိုး(၁၀)ဂရမ်နှင့်အထက်အား ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

        စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် ဈေးကွက်စောင့်ကြည့်ရေးအဖွဲ့သည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်း၍ ညောင်တုန်းမြို့ပေါ်ရှိ အလှကုန်ပစ္စည်း အရောင်းဆိုင်များအား   ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ၊ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံဖော်ပြထားမှုရှိ/ မရှိနှင့် သုံးစွဲရန်မသင့်ထုတ်ပြန်ထားသော အလှကုန်ပစ္စည်းများ   ရောင်းချမှုမရှိစေရေးအတွက် ၂၀၂၆ ခုနှစ်၊ ဧပြီလ ၆ ရက်နေ့တွင် စျေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

        စစ်ဆေးရာတွင် ကျန်းမာရေးအတွက် ဘေးအန္တရာယ်ဖြစ်စေနိုင်သော တားမြစ်ဓာတုပစ္စည်းများ ပါဝင်သည့် အလှကုန်များ (ဥပမာ - ပြဒါး၊ ဟိုက်ဒရိုကွီနုန်း) ရောင်းချခြင်းရှိ/ မရှိFDA တွင် တရားဝင်မှတ်တမ်းတင်ထားခြင်းမရှိသည့် အလှကုန်ပစ္စည်းများအား ရောင်းချမှု ရှိ/မရှိ စစ်ဆေးခြင်း၊ ကုန်အညွှန်းအမှတ်အသားဖြစ်သော မြန်မာဘာသာဖြင့် ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတွဲလျက်ဖြစ်စေ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြထားမှု ရှိ/မရှိစစ်ဆေးခြင်း၊ ရောင်းချနေသော အလှကုန်ပစ္စည်းများတွင် ကုန်စည်အမျိုးအစားအလိုက် ကုန်အညွှန်းအမှတ်အသားများကို ၂၀၁၉ စားသုံးသူ ကာကွယ်‌ရေးဥပဒေပြဌာန်းချက်နှင့် အညီဖော်ပြထားကြောင်း၊ သုံးစွဲရန် မသင့်ထုတ်ပြန်ထားသော အလှကုန်ပစ္စည်းများအား ရောင်းချမှုမရှိကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)