Main menu

“ကျောက်ဆည်ဒေသထွက်ခရမ်းသီးစျေးနှုန်းစျေးကွက်”

Powered by Drupal

                  မန္တလေးတိုင်းဒေသကြီး ၊ ကျောက်ဆည်ခရိုင်သည် ဆည်ရေသောက် ဒေသတစ်ခုဖြစ်သော ကြောင့် သီးနှံမျိုးစုံ စိုက်ပျိုးဖြစ်ထွန်းလျက်ရှိရာ ၄င်းသီးနှံများအနက် ကုန်စိမ်းသီးနှံတစ်မျိုးဖြစ်သော ခရမ်းသီးနှံကိုလည်း စီးပွားဖြစ်တိုးချဲ့ စိုက်ပျိုးလာကြပါသည် ။ ခရမ်းသီးနှံကို ကျောက်ဆည်မြို့နယ် ရန်ပုံနှစ်ကျေးရွာနှင့်ကြက်ဆင်ကျေးရွာများတွင် အများဆုံး စိုက်ပျိုးလျှက်ရှိပြီး မျိုးအနေဖြင့် ခရမ်းသီး အလုံးသေးမျိုးနှင့်(၅၅၅)မျိုးများကို စိုက်ပျိုးကြကြောင်းသိရှိရပါသည်။ ခရမ်းပင် စိုက်ပျိုးမည်ဆိုပါက ပထမဦးဆုံး ပျိုးအရင်ထောင်ရကြောင်း၊ ပျိုးပင်သက် (၁)လခွဲသားအရွယ်တွင် ပြောင်းရွေ့စိုက်ပျိုးရ ကြောင်း၊ ပြောင်းရွေ့စိုက်ပျိုးပြီး (၂)လ၊ (၃)လအကြာတွင် ခရမ်းသီးများ စတင်ခူးဆွတ်နိုင်ပြီး(၄)ရက် ခြားတစ်ကြိမ်ခူးဆွတ်ရကြောင်း ၊ စတင်ခူးဆွတ်သည်မှ တစ်ပတ်နှင့်တစ်ပတ် အထွက်နှုန်းပိုလာ ကြောင်း ၊ (၁)ဧက အထွက်နှုန်းအနေဖြင့် တစ်ပတ်လျှင် ပိဿာ (၂၅၀-၃၀၀)အထိ ထွက်ရှိကြောင်း၊ သက်တမ်းအနေဖြင့် (၄-၅)လခန့်အထိ ခူးဆွတ်နိုင်ကြောင်း ၊ တစ်ဧက ကုန်ကျစရိတ် အနေဖြင့် (၁၀၀၀၀၀၀/-)ကျပ် ခန့်ရှိပြီး စတင်ခူးဆွတ်ချိန်မှ ဖျက်သိမ်းချိန်အထိ ခရမ်းသီးထွက်ရှိမှု စုစုပေါင်း (၂၀၀၀-၂၅၀၀)ပိဿာ ထွက်ရှိကြောင်း သိရှိရပါသည် ။ ခရမ်းသီး တစ်ပိဿာလျှင် ဖောက်သည်ဈေး အနေဖြင့် (၈၀၀/-)ကျပ် ၊ လက်လီ‌ တစ်ပိဿာလျှင် (၁၅၀၀/-)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်နေ ကြောင်း ၊ ကုန်စိမ်းသီးနှံဖြစ်သည့်အတွက် တစ်ပတ်နှင့်တစ်ပတ်စျေးနှုန်းမတူညီကြောင်း ၊ တစ်ဧက အကျိုးအမြတ်အနေဖြင့် (၆၀၀၀၀၀/-)ကျပ် ခန့်မြတ်ကြောင်း ၊ ကုန်စိမ်းပွဲစားများမှ စိုက်ခင်းထဲအထိ လာရောက်ဝယ်ယူကြကြောင်း ၊ ပွဲစားများမှတဆင့် ကျောက်ဆည်၊စဉ့်ကိုင်၊မန္တလေးနှင့်ရန်ကုန်မြို့ များသို့တင်ပို့ရောင်းချကြကြောင်း ခရမ်းသီးစိုက်ပျိုးသော တောင်သူတစ်ဦး၏ပြောကြားချက်အရသိရှိပါသည်။  

DOCA(မန္တလေး)