
စားသုံးသူရေးရာ ဦးစီးဌာန၊ ဘိုကလေးမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည်၂၀၂၆ ခုနှစ်၊ဧပြီ လ(၂၁) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ဆီလုပ်ငန်းရှင်အသင်းနှင့်တွေ့ဆုံ ဆွေးနွေးခဲ့ကြပါသည်။
ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်အသင်း(ယာယီ) ကို ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၁၆) ရက်နေ့တွင် ဆီလုပ်ငန်းရှင်(၁၁) ဦးဖြင့် ဥက္ကဌ၊ ဒု - ဥက္ကဌ၊ အတွင်းရေးမှူး၊ ဘဏ္ဍရေးမှူး၊ စာရင်းစစ်၊ အမှုဆောင် အဖွဲ့ဝင်များဖြင့် အသင်းဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နေပါကြောင်း ၊ မြို့နယ် အနေဖြင့် ဆီလက်လီ/ကား ကိုယ်စားလှယ်များအား ကျေးရွာ၊ ရပ်ကွက် အိမ်ထောင်စုများအား ဆီစာအုပ်များဖြင့် ရောင်းချရာတွင် ဈေးနှုန်းမှန်ကန်စွာ ရောင်းချရေး၊ အရည်အသွေးပြည့်ဝသည့် ဆီများအားအလေးချိန်ခွင် မှန်ကန်စွာရောင်းချရေး သတ်မှတ်ရည်ညွှန်းဈေးဖြင့် ဗွီနိုင်းများချိတ်ဆွဲ၍ ရောင်းချဖြင်းရှိ/ မရှိနှင့် ဈေးကစားရန်အလို့ငှာ သိုလှောင်ခြင်းများကြောင့် ဈေးကွက်အတွင်း ပစ္စည်းပြတ်လက်မှုမရှိစေရေးနှင့် ဖြစ် သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများဖြင့်ပြည်သူများထံသို့ ရောင်းချပေးရန် အသိ၊ သတိပေး၍ ဆောင်ရွက်သွားရန်အတွက် ရည်ညွှန်းပါစာဖြင့် အကြောင်းကြားလာမှုများအရ အပတ်စဉ်၊ လစဉ် ကွင်းဆင်းဆောင်ရွက်ရာတွင် ပူးပေါင်းဆောင်ရွက်နိုင်ရေးကို စားသုံးသူများစိတ်ကျေနပ်စွာ ရောင်းချပေးရန် ဆီအသင်းမှ ကြီးကြပ်ဆောင်ရွက်ပေးရန်လိုကြောင်းကို တွေ့ဆုံဆွေးနွေးမှုအရ သတင်းရရှိပါသည်။
DOCA(ဧရာဝတီ)
