Main menu

ဆောင်းကြက်သွန်နီ စိုက်ပျိုးထားရှိမှုနှင့် အကျိုးအမြတ်ရရှိမှု အခြေအနေ

Powered by Drupal

          မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ သရက်မြို့နယ် ပတ်ဝန်းကျင်ကျေးရွာများဖြစ်သော ကျောက်အိုင်၊ ရွာသစ်၊ မြွေပွေး၊ ပျဉ်ထောင်၊ မင်းတည်းစသည့်ကျေးရွာများတွင် အခြားရာသီချိန်များ၌ ပြောင်း၊ ကုလားပဲ၊ မေမြို့ပန်း၊ ဂေါ်ဖီထုပ်/ဂေါ်ဖီပွင့်ပင်များနှင့် စားဖိုဆောင်သီးနှံတစ်မျိုးဖြစ်သော ကြက်သွန်နီသီးနှံများကို စီးပွားဖြစ်စိုက်ပျိုးလျက်ရှိကြောင်း၊ သရက်မြို့နယ်အတွင်း ဆောင်းကြက် သွန်နီစိုက်ဧက (၆၂၀)ဧက စိုက်ပျိုးထားကြောင်း သက်ဆိုင်ရာဌာန၏ စာရင်းအရသိရှိရပါသည်။

      ဆောင်းကြက်သွန်နီကို တပေါင်းလဆန်းမှ စတင်တူးဖော်ခဲ့ရာ ယခုဧပြီလ စတုတ္ထပတ်အတွင်း စိုက်ဧကများအပြီး သတ်တူးဖော်လျက်ရှိကြောင်း၊ အများဆုံးစိုက်ပျိုးသော ကြက်သွန်နီမျိုးမှာ ရွှေဖလားထိပ်မောက်မျိုးကို အဓိကထား စိုက်ပျိုးကြပါကြောင်း၊ ကြက်သွန်နီ တစ်ဧက စိုက်ပျိုး ထုတ်လုပ်မှု ကုန်ကျစရိတ်အနေဖြင့် မျိုး+သွင်းအားစု+လုပ်အားခအပါအဝင် စုစုပေါင်းကျပ်(၄၈)သိန်း ခန့်ကုန်ကျကြောင်း၊ တစ်ဧက အထွက်နှုန်းမှာ (၃၈၀၀)ပိဿာခန့်ထွက်ရှိပြီး၊ ယခုစိုက်ခင်းဈေး ဆောင်းကြက်သွန်နီ ဂျွန်အစုံတစ်ပိဿာလျှင် ကျပ်(၁၆၀၀)အထိ ဈေးနှုန်းဖြင့်အရောင်းအဝယ်ဖြစ် လျက်ရှိပြီး ရောင်းဝယ်မှုအနေဖြင့် ကုန်သည် ပွဲစားများမှ စိုက်ခင်းအထိ လာရောက်ဝယ်ယူပါကြောင်း၊ တောင်သူများအနေဖြင့်လည်း မိမိကိုယ်တိုင်မြို့ပေါ်ရှိကုန်စုံဆိုင်၊ မြို့မစည်ပင်ဈေးနှင့် အခွန်လွတ် ဈေးတို့တွင် လက်လီ၊ လက်ကား တိုက်ရိုက်ရောင်းချကြကြောင်း၊ ယခုဧပြီလ(စတုတ္ထပတ်)တွင် ကြက်သွန်နီ အကြီး/အလတ် ကျပ်(၁၈၀၀-၂၀၀၀) အသေးကျပ်(၁၃၀၀-၁၄၀၀)ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း၊ တစ်ဧကအကျိုး အမြတ်အနေဖြင့် ကုန်ကျစရိတ်နှုတ်ပြီး ကျပ်(၁၂/၁၃)သိန်းခန့် အကျိုးအမြတ်ရရှိကြောင်း မြွေပွေးကျေးရွာမှ ကြက်သွန်စိုက်ပျိုးသော တောင်သူထံမှသိရှိရပါသည်။

DOCA(မကွေး)