Main menu

ရာသီအလိုက် ဟင်းသီးဟင်းရွက်မျိုးစုံ တစ်နိုင်တစ်ပိုင် စိုက်ပျိုးရောင်းချခြင်းဖြင့် မိသားစုအပိုဝင်ငွေရ

Powered by Drupal

    ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတနော်မြို့နယ်၊ အင်းတကော်ကျေးရွာအုပ်စု၊ အင်းမကျေးရွာတွင် နေထိုင်သူများသည် ရာသီအလိုက် ဟင်းသီးဟင်းရွက်မျိုးစုံ တစ်နိုင်တစ်ပိုင် စိုက်ပျိုးရောင်းချခြင်းဖြင့် နေ့စဉ်ဝင်ငွေရရှိပြီး မိသားစုစားဝတ်နေရေး အဆင်ပြေလျက်ရှိကြောင်း သိရသည်။

       ဆောင်းရာသီနှင့် နွေရာသီ ဝင်ငွေရရှိစေရန်အတွက် အိမ်ခြံမြေနေရာလွတ်များ၌ မြေအောက်ရေပေးသွင်းခြင်းဖြင့် ဘူး၊ ဖရုံ၊ ချဉ်ပေါင်၊ ကန်စွန်း၊ ခရမ်းသီး၊ ခရမ်းကျွတ်သီး စသည့် ဟင်းသီးဟင်းရွက်များကို စိုက်ပျိုးထားပြီး ဓာတုဓာတ်ကြွင်း ကင်းလွတ်စေရန် Super ဘိုကာရှီ၊ မြေဆွေးများဖြစ်သည့် နွားချေး၊ ဆိတ်ချေးများ အပင်အားတိုးဆေးများကို ကိုယ်တိုင်ပြုလုပ်ပြီး သုံးစွဲခြင်းကြောင့် သာဂလကျေးရွာမှ ဟင်းသီးဟင်းရွက် စိုက်ပျိုးရောင်းချသူတစ်ဦးက ပြောကြားခဲ့ကြောင်း သိရသည်။

       စိုက်ခင်းမှရလာသည့် ဟင်းသီးဟင်းရွက်များကို ခြံမြေတွင် စိုက်ပျိုးပြီး ပေ ၁၀၀ ပတ်လည် အကွက်တွင် ဟင်းသီးဟင်းရွက် စိုက်ပျိုးမှု ကုန်ကျစရိတ် ၆သိန်းခန့်ကုန်ကျကြောင်း၊ ထွက်ရှိသော ဟင်းရွက်များ ယခုနှစ် ၂၀၂၆ခုနှစ် ဧပြီလဆန်းပိုင်းတွင် ဟင်းသီးဟင်းရွက်ဈေးကောင်းမွန်လျှက်ရှိပြီး အကျိုးအမြတ်အနေဖြင့် စိုက်ပျိုးဧကအပေါ်တွင် ၄သိန်းခန့် အကျိုးအမြတ်ကျန်ရှိကြောင်း စိုက်ပျိုးသီးနှံ ၂လအတွင်း ငွေပေါ်၍ စိုက်ပျိုးသူများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။ စိုက်ပျိုးဟင်းရွက်များကို ပန်းတ‌နော်ဈေးတွင် ရောင်းချခြင်းနှင့် ရပ်ကွက်အတွင်းသို့ လိုက်လံရောင်းချပေးခြင်းကြောင့် မိသားစုစားဝတ်နေရေး အဆင်ပြေလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)