Main menu

ထားဝယ်မြို့ပေါ်ရှိ ‌ငါးခြောက်၊ ပုစွန်ခြောက်နှင့် ငပိ စျေးနှုန်း/စျေးကွက်

Powered by Drupal

          တနင်္သာရီတိုင်းဒေသကြီးသည် မြန်မာနိုင်ငံမြေပုံ၏ တောင်ဘက်စွန်းတွင် တည်ရှိပြီး ပင်လယ် ထွက်ပေါက်ရှိရာ တိုင်းဒေသကြီးဖြစ်သည့်အတွက် ပင်လယ်ရေလုပ်ငန်းများ၊ ကျွန်းခရီးသွားလုပ်ငန်း များစသည့်လုပ်ငန်းများအား တစ်ပိုင်တစ်ပိုင်စီးပွားရေးလုပ်ငန်းများမှသည် နိုင်ငံတော်အတွက် နိုင်ငံခြားဝင်ငွေရရှိအောင် တစ်ဖက်တစ်လှမ်းမှ အထောက်အပံ့ပြုလျက်ရှိသည့် တိုင်းဒေသကြီးဖြစ် သည့်အပြင် ဒေသတွင်း အလုပ်အကိုင်အခွင့်အလမ်းများကိုလည်း ဖော်ဆောင်ပေးလျက်ရှိပါသည်။

          ထားဝယ်စျေးကွက်တွင် ငါးခြောက်အမျိုးအစားများစွာရှိသော်လည်း ဒေသတွင်းစားသုံးမှုများ ပြားသည့် ငါးအူမျှင်းခြောက်(ခေါ်)အူကြီးခြောက် တစ်ပိဿာလျှင် ၁၀၀၀၀၀ ကျပ်၊ ပုစွန်ခြောက် စျေးနှုန်းများအနေဖြင့် အကောင်သေးတစ်ပိဿာလျှင် ၉၀၀၀၀/၁၀၀၀၀၀ ကျပ်၊ အလတ်ဆိုဒ်တစ် ပိဿာလျှင် ၁၂၀၀၀၀/၁၃၀၀၀၀ ကျပ်၊ အကောင်ကြီးတစ်ပိဿာလျှင် ၁၅၀၀၀၀/၁၆၀၀၀၀ ကျပ်နှင့် ငပိစျေးနှုန်းမှာ ဂွေးငပိ ရှယ်တစ်ပိဿာလျှင် ၁၃၀၀၀ ကျပ်ဖြင့် ရောင်းချလျက်ရှိပြီး စျေးကွက်အနေ ဖြင့်ဒေသတွင်း ဝယ်ယူစားသုံးမှုများသာမက မြန်မာနိုင်ငံနေရာအနှံ့အပြားသို့လည်း တင်ပို့ရောင်းချ လျက်ရှိကြောင်း ထားဝယ်မြို့မစျေးကြီးရှိ ငါးခြောက်ကုန်သည်များထံမှ သိရှိရပါသည်။

DOCA(တနင်္သာရီ)