Main menu

ထားဝယ်ဒေသထွက် မင်းကွတ်သီး စျေးနှုန်းအခြေအနေ

Powered by Drupal

          တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့ နှင့် အနီးပတ်ဝန်းကျင်ကျေးရွာဒေသများတွင် ယခုနှစ် မိုးဦးကာလအတွင်း မင်းကွတ်သီးများ စတင်ထွက်ရှိလာပြီဖြစ်ကြောင်း ဒေသခံစိုက်ပျိုးသူများထံမှ သိရသည်။ မင်းကွတ်သီးသည် ပူနွေးစိုစွတ်သောရာသီဥတုနှင့် ကိုက်ညီသဖြင့် ထားဝယ်ဒေသတွင် အချို့ဥယျာဉ်ခြံများ၌ စီးပွားဖြစ်စိုက်ပျိုးထားကြပြီး၊ အိမ်ခြံဝင်းများတွင်လည်း တစ်ပင်နှစ်ပင် စိုက်ပျိုးထားသူများ များပြားသည်။ ယခုရာသီတွင် မိုးရွာသွန်းမှုကောင်းမွန်ပါက အသီးတင်နှုန်း ကောင်းလာကာ ထွက်ရှိမှု ပိုမိုတိုးတက်လာမည်ဖြစ်ကြောင်း ခန့်မှန်းသိရသည်။

          ထို့အပြင် ထားဝယ်ဒေသမှ ထွက်ရှိသော မင်းကွတ်သီးအချို့ကို မြိတ်မြို့၊ ရန်ကုန်မြို့ စသည့် မြို့ကြီးများသို့ ကားလမ်းကြောင်းမှတစ်ဆင့် တင်ပို့ရောင်းချလျက်ရှိပြီး၊ ဒေသထွက်သီးနှံဖြစ်သည့် အတွက် စားသုံးသူများကြား လူကြိုက်များနေသည်။ စိုက်ပျိုးသူများကတော့ သယ်ယူပို့ဆောင်စရိတ် မြင့်တက်လာခြင်းနှင့် ရာသီဥတုမတည်ငြိမ်မှုများကြောင့် အမြတ်အစွန်းလျော့နည်းနိုင်သော်လည်း ယခုနှစ်တွင် ဝယ်လိုအားကောင်းနေသဖြင့် စျေးကွက်အခြေအနေ တော်တော်လေး ကောင်းမွန်နေ ကြောင်းသိရသည်။ ဒေသခံများအနေဖြင့် လတ်ဆတ်သန့်ရှင်းသော ထားဝယ်ထွက် မင်းကွတ်သီး များကို ယခုရာသီအတွင်း ဝယ်ယူစားသုံးနိုင်ပြီဖြစ်ပြီး အလုံးကြီး အရသာကောင်းမွန်သော မင်းကွတ် သီးများမှာ စျေးပိုမိုရရှိနေကြောင်း ဈေးသည်များက ပြောသည်။

          လက်ရှိတွင် ထားဝယ်မြို့ဈေးကွက်များ၊ လမ်းဘေးသီးနှံဆိုင်များနှင့် ရပ်ကွက်ဈေးများသို့ နေ့စဉ်ဝင်ရောက်ရောင်းချနေပြီး၊ အရွယ်အစားနှင့် အရည်အသွေးပေါ်မူတည်ကာ တစ်လုံးလျှင် ကျပ် ၁၅၀ မှ ၂၀၀ ဝန်းကျင်အထိ ရောင်းချလျက်ရှိကြောင်း သိရသည်။

DOCA(တနင်္သာရီ)