Main menu

ထားဝယ်ဒေသထွက် ပဲသီးဈေးနှုန်း/ဈေးကွက်

Powered by Drupal

          တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့အနီးတစ်ဝိုက်ရှိရွာများတွင် ဒေသထွက်ပဲသီး များ ယခုနှစ်တွင် အထွက်ကောင်းပြီး ဒေသခံများအတွက် ဝင်ငွေတိုးတက်လျက်ရှိကြောင်း သိရသည်။ ပဲသီးများအထွက် အထွက်ကောင်းခြင်းကြောင့် ဒေသတွင်းဈေးကွက်များတွင်လည်း ရောင်း ဝယ်မှုများ တက်ကြွလာပြီး ရပ်ကွက်ဈေးများ၊ ထားဝယ်မြို့ပေါ်ရှိဈေးများသို့ တင်ပို့လျက်ရှိကြောင်း လည်း သိရှိရပါသည်။

          ဒေသ၏ မြေဆီလွှာကောင်းပြီး ရာသီဥတုမျှတမှုကြောင့် အထွက်တိုးသည့်အတွက် ဈေး ကောင်းရလျက်ရှိပြီး ပဲသီး(၁)စည်းလျှင် (၈၀၀၀)ကျပ်မှ (၁၀၀၀)ကျပ် (၂)စည်းလျှင် (၁၅၀၀) ကျပ် ဝန်းကျင်ဖြင့် ရောင်းဝယ်လျက် ရှိပြီး ပဲသီးအရည်အသွေးအပေါ်မူတည်၍ ဈေးနှုန်းကွာခြားမှုများရှိ ကြောင်းသိရှိရပါသည်။

DOCA(တနင်္သာရီ)