Main menu

စားအုန်းဆီ ၁၅ ရာခိုင်နှုန်းပါဝင်သော ဇီဝဒီဇယ်ကို ဇွန်လမှစတင်၍ ထုတ်လုပ်မည့် မလေးရှားနိုင်ငံ

Powered by Drupal

          ဒီဇယ်ဈေးနှုန်းများ လျှော့ချနိုင်ရန် ကြိုးပမ်းသည့်အနေဖြင့် စားအုန်းဆီ ၁၅ ရာခိုင်နှုန်း ရောနှောထားသည့် ဇီဝဒီဇယ်ကို ဇွန်လတွင် စတင်ထုတ်လုပ်သွားမည်ဖြစ်ကြောင်း ဒုတိယဝန်ကြီးချုပ်က ဧပြီလ ၄ ရက်နေ့တွင် ပြောကြားခဲ့ပါသည်။ အဆိုပါ ဆောင်ရွက်ချက်မှာ အရှေ့အလယ်ပိုင်းပဋိပက္ခကြောင့် ဖြစ်ပေါ်လာသည့် စွမ်းအင်ဈေးနှုန်း မြင့်တက်မှုနှင့် ထောက်ပံ့မှုဆိုင်ရာ ကန့်သတ်ချက်များကို ရင်ဆိုင်ဖြေရှင်းနေရချိန်တွင် ပေါ်ပေါက်လာခြင်း ဖြစ်ကြောင်း သိရပါသည်။

          အမေရိကန်-အစ္စရေးနှင့် အီရန်တို့အကြား စစ်မက်ဖြစ်ပွားမှုကြောင့် ရေနံဈေးနှုန်းများ အဆမတန် မြင့်တက်လာပြီးနောက် ဖော်ဆီလောင်စာ တင်သွင်းမှုအပေါ် မှီခိုနေရခြင်းကို လျှော့ချရန်အတွက် ဇီဝလောင်စာ (Biofuels) ဘက်သို့ လှည့်လာကြသည့် အာရှနိုင်ငံများထဲတွင် မလေးရှားနိုင်ငံလည်း ပါဝင်နေကြောင်း သိရပါသည်။

          မလေးရှားအစိုးရက ၎င်းတို့၏ B10 ဟု လူသိများသည့် စားအုန်းဆီ ၁၀ ရာခိုင်နှုန်း ပါဝင်သော ဇီဝဒီဇယ် သတ်မှတ်ချက်ကို ၁၅ ရာခိုင်နှုန်းအထိ တိုးမြှင့်မည်ဖြစ်ကြောင်း ပြီးခဲ့သည့်လတွင် ပြောကြားခဲ့ပြီး ကနဦးတွင် ၁၂ ရာခိုင်နှုန်း ရောနှောထုတ်လုပ်မှုဖြင့် စတင်သွားမည်ဖြစ်ကြောင်း သိရပါသည်။

          နိုင်ငံအတွင်းရှိ ထုတ်လုပ်မှုစက်ရုံ ၁၉ ရုံသည် ဇွန်လ ၁ ရက်နေ့မှစတင်ကာ B15 ဇီဝဒီဇယ်ကို စတင်ထုတ်လုပ်သွားမည်ဖြစ်ကြောင်း ဒုတိယဝန်ကြီးချုပ် ဒါတုဆရီ အာမတ်ဇာဟစ် ဟာမီဒီက နိုင်ငံ့ဝန်ထမ်းများသို့ ပြောကြားသည့် မိန့်ခွန်းတွင် ထည့်သွင်းပြောဆိုခဲ့ကြောင်း သိရပါသည်။

          စားအုန်းဆီအခြေခံသည့် ဇီဝဒီဇယ် ရောနှောမှုနှုန်း တိုးမြှင့်ခြင်းကို အဆင့်လိုက် ဆောင်ရွက်သွားမည်ဖြစ်ပြီး ရှေ့ဆက်၍ ၂၀ ရာခိုင်နှုန်းအထိ ပြောင်းလဲရန်နှင့် လာမည့် ၂ နှစ်မှ ၃ နှစ်အတွင်း ၅၀ ရာခိုင်နှုန်းအထိ ရောက်ရှိလာစေရန် ရည်မှန်းထားကြောင်း အာမတ်ဇာဟစ်က ပြောကြားခဲ့ပါသည်။

          ကမ္ဘာ့ဒုတိယအကြီးဆုံး စားအုန်းဆီထုတ်လုပ်သည့် မလေးရှားနိုင်ငံသည် လက်ရှိတွင် သယ်ယူပို့ဆောင်ရေးကဏ္ဍအတွက် B10 စံနှုန်းကို သတ်မှတ်ထားသော်လည်း လာဘူအန် (Labuan) ဖက်ဒရယ်နယ်မြေ၊ လန်ကာဝီကျွန်းနှင့် ဆာရာဝက်ပြည်နယ်တို့တွင် ၂၀ ရာခိုင်နှုန်းအထိ သတ်မှတ်ဆောင်ရွက်ထားပြီးဖြစ်ကြောင်း သိရပါသည်။

          မလေးရှားနိုင်ငံ၏ ဇီဝဒီဇယ် သုံးစွဲမှုသည် နှစ်စဉ် မက်ထရစ်တန်ချိန် ၃ သိန်းကျော်အထိ မြင့်တက်လာနိုင်ကြောင်း လုပ်ငန်းကဏ္ဍဆိုင်ရာ ထိန်းညှိကွပ်ကဲရေးအဖွဲ့ဖြစ်သည့် မလေးရှား စားအုန်းဆီဘုတ်အဖွဲ့က ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

Source: Reuters                                                                        

DOCA (ရန်ကုန်)