
အင်ဒိုနီးရှားနိုင်ငံ ရေကြောင်းရေးရာနှင့် ငါးလုပ်ငန်းဝန်ကြီးဌာန (KKP) က ယခင်က cesium-137 (Cs-137) ရေဒီယိုသတ္တုညစ်ညမ်းမှု ပြဿနာကြောင့် ထိခိုက်မှုရှိခဲ့သော်လည်း အမေရိကန်ဈေးကွက်သို့ ပုစွန်တင်ပို့မှုသည် ရူပီး ၁၁ ထရီလီယံ (အမေရိကန်ဒေါ်လာ ၆၃၈ သန်း ကျော်) အထိ ရောက်ရှိခဲ့ကြောင်း ထုတ်ပြန်ခဲ့ပါသည်။ KKP ၏ ခေတ္တအတွင်းရေးမှူးချုပ် Andy Artha Donny Oktopura က ၂၀၂၆ ခုနှစ် ဧပြီလ ၂၆ ရက်အထိ ပုစွန်တင်ပို့မှုသည် ကွန်တိန်နာ ၃,၄၀၀ ခန့် ရှိပြီး စုစုပေါင်း တန်ဖိုးမှာ ရူပီး ၁၁ ထရီလျံ ဝန်းကျင်ရှိကြောင်း ဧပြီလ ၂၅ ရက်နေ့တွင် ဂျကာတာမြို့၌ ပြောကြားခဲ့ပါသည်။ ၎င်းအောင်မြင်မှုသည် ငါးဖမ်းလုပ်ငန်း အရည်အသွေး အာမခံစနစ်ကို ပြည့်စုံစွာတိုးတက်ခိုင်မာအောင် ဆောင်ရွက်လာမှုကြောင့် ဖြစ်ကြောင်း သိရပါ သည်။ အဆိုပါစနစ်တွင် ထုတ်လုပ်မှု၊ လုပ်ငန်းဆောင်ရွက်မှုနှင့် ဖြန့်ဖြူးမှုအဆင့်များအားလုံးပါဝင်ပြီး ပြည်တွင်းနှင့် ပြည်ပဈေးကွက်များတွင် အစားအစာလုံခြုံရေး စံနှုန်းများနှင့် ကိုက်ညီစေရန် ရည်ရွယ်ထားကြောင်း သိရပါသည်။ Oktopura ၏ ပြောကြားချက်အရ အင်ဒိုနီးရှား၏ ငါးထုတ်လုပ်မှုသည် နှစ်စဉ်ပျမ်းမျှ တန်ချိန် ၂၄ သန်းနီးပါး ရှိပြီး တန်ချိန် ၂၆ သန်းအထိ နီးကပ် လာနေပြီ ဖြစ်ကြောင်း သိရပါသည်။ ထိုစုစုပေါင်းပမာဏအတွင်း ငါးဖမ်းလုပ်ငန်းမှ တန်ချိန် ၇ သန်းခန့်၊ မွေးမြူရေးမှ တန်ချိန် ၅ သန်းခန့် ရရှိပြီး ကျန်ရှိသော ထုတ်လုပ်မှုများကို seaweed ထုတ်လုပ်မှုက အဓိက လွှမ်းခြုံထားကြောင်း သိရပါသည်။ ဝန်ကြီးဌာနအနေဖြင့် ငါးဖမ်းလုပ်ငန်း နှင့် မွေးမြူရေးလုပ်ငန်းများ အပါအဝင် ထုတ်လုပ်မှု လုပ်ငန်းစဉ်အားလုံးကို တင်းကြပ်သည့် အရည်အသွေး စံနှုန်းများနှင့် ကိုက်ညီစေရန် သေချာစွာစောင့်ကြည့်နေပြီး ထုတ်ကုန်များ၏ မူလအရင်းအမြစ်ကို ပြန်လည်ခြေရာခံနိုင်သော စနစ်ကိုလည်း ပံ့ပိုးထားကြောင်း သိရပါသည်။ ထို့အပြင် ထုတ်လုပ်ပြီးနောက် လုပ်ငန်းဆောင်ရွက်မှုနှင့် ထုပ်ပိုးမှုစံနှုန်းများကိုလည်း လက်မှတ် ထိုး၍ အသိအမှတ်ပြုမှုများမှတဆင့် တိုးမြှင့်ခိုင်မာစေပြီး ထုတ်ကုန်များသည် စားသုံးသူများထံ ရောက်ရှိသည်အထိ လုံခြုံမှုရှိစေရန် အာမခံထားကြောင်း သိရပါသည်။ Oktopura က အင်ဒိုနီးရှား၏ အစားအစာအရည်အသွေး အာမခံစနစ်သည် ပြည်ပတင်ပို့သည့် နိုင်ငံများ၏ စံနှုန်းများနှင့် ကိုက်ညီနေသောကြောင့် အပြည်ပြည်ဆိုင်ရာအဆင့်တွင် အသိအမှတ်ပြုခံထားရကြောင်း နှင့် ပုစွန်အတွက် အရည်အသွေး စံနှုန်းများကို အမေရိကန် အစားအစာနှင့် ဆေးဝါး အာဏာပိုင် (FDA) က အသိအမှတ်ပြုထားကြောင်း ပြောကြားခဲ့ပါသည်။ ယခင်က KKP သည် Cs-137 မပါဝင်ကြောင်း လက်မှတ်ထုတ်ပေးရာတွင် တစ်ခုတည်းသော အာဏာပိုင်အဖြစ် ဆောင်ရွက် လျက်ရှိပြီး တည်ငြိမ်ခိုင်မာသော အသိအမှတ်ပြုစနစ် တည်ဆောက်ရန် ဆက်လက်ကတိပြု ထားကြောင်း သိရပါသည်။ ထို့ပြင် အရည်အသွေး အာမခံမှုဆိုင်ရာ စည်းမျဉ်းစည်းကမ်းများကို တင်းကြပ်စွာ ထိန်းသိမ်းခြင်းသည် အင်ဒိုနီးရှား ငါးထုတ်ကုန်များကို ကမ္ဘာ့ဈေးကွက်တွင် ယှဉ်ပြိုင်နိုင်စွမ်းရှိနေစေရန် အရေးကြီးကြောင်းလည်း ဝန်ကြီးဌာနက အလေးပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။
Antara News
DOCA (ရန်ကုန်)
