Main menu

၇၁ လဆက်တိုက် ကုန်သွယ်ရေးပိုငွေရရှိခဲ့သည့် အင်ဒိုနီးရှား

Powered by Drupal

          အင်ဒိုနီးရှားနိုင်ငံ၏ စာရင်းအင်းအဖွဲ့ (BPS) က ၂၀၂၆ ခုနှစ် မတ်လအထိ နိုင်ငံ၏ လစဉ်ကုန်သွယ်ရေးပိုငွေပြမှုကို (trade surplus) ကို ၇၁ လဆက်တိုက် ထိန်းသိမ်းနိုင်ခဲ့ကြောင်း ကြေညာခဲ့ပြီး ထိုအောင်မြင်မှုမှာ အထူးသဖြင့် ထုတ်လုပ်ရေးကဏ္ဍပါဝင်သည့် ရေနံနှင့် ဓာတ်ငွေ့ မဟုတ်သည့်ကဏ္ဍ(non-oil and gas) တင်ပို့မှုများကြောင့် ဖြစ်ကြောင်း သိရပါသည်။ BPS ၏ ဖြန့်ဖြူးမှုနှင့် ဝန်ဆောင်မှုစာရင်းအင်း ဒုတိယအရာရှိ Ateng Hartono က ပြောကြားရာတွင် ၂၀၂၀ ခုနှစ် မေလမှ စတင်ကာ အင်ဒိုနီးရှား၏ ကုန်သွယ်ရေးမျှခြေသည် ၇၁ လဆက်တိုက် ပိုငွေ ရရှိခဲ့ကြောင်း ဧပြီလ ၄ ရက်နေ့က ဂျကာတာမြို့တွင် ပြောကြားခဲ့ပါသည်။ ၎င်း၏ရှင်းလင်းချက် အရ ၂၀၂၆ ခုနှစ် မတ်လအတွင်း ကုန်သွယ်ရေးမျှခြေသည် အမေရိကန်ဒေါ်လာ ၃.၃၂ ဘီလီယံ ပိုငွေရရှိခဲ့ပြီး ရေနံနှင့် ဓာတ်ငွေ့မဟုတ်သည့်ကဏ္ဍမှ ပိုငွေ အမေရိကန်ဒေါ်လာ ၅.၂၁ ဘီလီယံ ရရှိခြင်းကြောင့် ဖြစ်ကြောင်း သိရပါသည်။ အဓိကပံ့ပိုးခဲ့သော ကုန်ပစ္စည်းများမှာ တိရစ္ဆာန်နှင့် သဘာဝအဆီများ၊ သတ္တုလောင်စာများနှင့် သံနှင့် သံမဏိ ထုတ်ကုန်များဖြစ်ကြောင်း သိရပါသည်။ တစ်ဖက်တွင် ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍ၏ ကုန်သွယ်ရေးမျှခြေမှာ အမေရိကန် ဒေါ်လာ ၁.၈၉ ဘီလီယံ လိုငွေပြခဲ့ပြီး ရေနံစိမ်း၊ ရေနံထုတ်ကုန်များနှင့် ဓာတ်ငွေ့များက အဓိက အကြောင်းရင်းများဖြစ်ကြောင်း သိရပါသည်။ ၂၀၂၆ ခုနှစ် ဇန်နဝါရီမှ မတ်လအထိ စုစုပေါင်း ကုန်သွယ်ရေးမျှခြေသည် အမေရိကန်ဒေါ်လာ ၅.၅၅ ဘီလီယံ ပိုငွေရရှိခဲ့ကြောင်း သိရပါသည်။ ၂၀၂၆ ခုနှစ် ပထမသုံးလပတ်အတွင်း အင်ဒိုနီးရှား၏ စုစုပေါင်းတင်ပို့မှုတန်ဖိုးမှာ အမေရိကန်ဒေါ် လာ ၆၆.၈၅ ဘီလီယံ ရှိခဲ့ပြီး ယခင်နှစ်တူညီသည့်ကာလနှင့် နှိုင်းယှဉ်ပါက ၀.၃၄ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း သိရပါသည်။ ရေနံနှင့် သဘာဝဓာတ်ငွေ့ တင်ပို့မှုမှာ အမေရိကန်ဒေါ်လာ ၃.၂၅ ဘီလီယံ ဖြင့် ၁၀.၅၈ ရာခိုင်နှုန်း ကျဆင်းခဲ့သော်လည်း ရေနံနှင့် ဓာတ်ငွေ့မဟုတ်သည့်ကဏ္ဍ တင်ပို့မှုမှာ အမေရိကန်ဒေါ်လာ ၆၃.၆၀ ဘီလီယံ ဖြင့် ၀.၉၈ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း သိရပါသည်။ Hartono က ထိုတိုးတက်မှုကို အဓိက တွန်းအားပေးခဲ့သည်မှာ ထုတ်လုပ်ရေးကဏ္ဍ ဖြစ်ကြောင်း ရှင်းလင်းပြီး ၂၀၂၆ ခုနှစ် ဇန်နဝါရီမှ မတ်လအထိ ရေနံနှင့် ဓာတ်ငွေ့မဟုတ်သည့် ကဏ္ဍတင်ပို့မှု တိုးတက်လာမှုတွင် ထုတ်လုပ်ရေးကဏ္ဍက ၃.၁၅ ရာခိုင်နှုန်းဖြင့် အဓိက အခန်းကဏ္ဍမှ ပါဝင်ခဲ့ကြောင်း ပြောကြားခဲ့ပါသည်။ ၂၀၂၆ ခုနှစ် မတ်လအတွင်း ရေနံနှင့် ဓာတ်ငွေ့ မဟုတ်သည့်ကဏ္ဍ တင်ပို့မှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၂၁.၂၅ ဘီလီယံ ရှိခဲ့ပြီး ထို့အနက် ထုတ်လုပ်ရေးကဏ္ဍမှ အမေရိကန်ဒေါ်လာ ၁၇.၉၂ ဘီလီယံ ပါဝင်ခဲ့ကြောင်း သိရပါသည်။ တင်ပို့သည့် နိုင်ငံအလိုက်ဆိုပါက တရုတ်နိုင်ငံသည် အင်ဒိုနီးရှား၏ ရေနံနှင့် ဓာတ်ငွေ့မဟုတ်သည့် ကဏ္ဍ တင်ပို့မှု၏ အဓိကဈေးကွက်အဖြစ် ဆက်လက်တည်ရှိနေပြီး ၂၀၂၆ ခုနှစ် ပထမ သုံးလပတ်အတွင်း တင်ပို့မှုတန်ဖိုး အမေရိကန်ဒေါ်လာ ၁၆.၅ ဘီလီယံ ရှိကာ ယခင်နှစ်တူညီသည့်ကာလနှင့် နှိုင်းယှဉ်ပါက ၁၇.၄၉ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း သိရပါသည်။ တစ်ချိန်တည်းမှာပင် တင်သွင်းမှုကဏ္ဍတွင် ၂၀၂၆ ခုနှစ် ဇန်နဝါရီမှ မတ်လအထိ စုစုပေါင်း တင်သွင်းမှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၆၁.၃၀ ဘီလီယံ ရှိခဲ့ပြီး ယခင်နှစ်တူညီသည့်ကာလနှင့် နှိုင်းယှဉ်ပါက ၁၀.၀၅ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း သိရပါသည်။ ရေနံနှင့် ဓာတ်ငွေ့မဟုတ်သည့်ကဏ္ဍ တင်သွင်းမှုမှာ အမေရိကန်ဒေါ်လာ ၅၂.၉၇ ဘီလီယံ ဖြင့် ၁၂.၁၆ ရာခိုင်နှုန်း မြင့်တက်ခဲ့သော်လည်း ရေနံနှင့် ဓာတ်ငွေ့ တင်သွင်းမှုမှာ အမေရိကန်ဒေါ်လာ ၈.၃၃ ဘီလီယံဖြင့် ၁.၇၂ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း သိရပါသည်။ Hartono အဆိုအရ တင်သွင်းမှု တိုးတက်လာမှု၏ အဓိက အကြောင်းရင်း မှာ ကုန်ကြမ်းနှင့် အထောက်အကူပြုပစ္စည်းများဖြစ်ပြီး ထိုကဏ္ဍ၏ တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၄၃.၁၇ ဘီလီယံဖြင့် ၆.၈၉ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း သိရှိရပါသည်။

Antara News                                                                             

DOCA (ရန်ကုန်)